ဖေဖော်ဝါရီ ၈၊ ၂၀၁၆
M-Media
သတင်း- မိုးစက်
ရန်ကုန်။ ။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင် လူငယ်များ (ဘာသာရေး) အဖွဲ့ ရန်ကုန်တိုင်းဒေသကြီး (မမလ) အဖွဲ့ခွဲမှ နွေရာသီ ပညာဒါန သင်တန်းများကို လူမျိုးဘာသာမရွေး တက်ရောက်သင်ကြားနိုင်ရန် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရပါတယ်။
“ကျွန်မတို့က ၁၅ ရက်နေ့ထိ စာရင်းလာပေးသမျှ ကျောင်းသားအားလုံးကို လက်ခံထားမှာပါ။ စာရင်းပိတ်တဲ့နေ့ကျမှ ကျောင်းသား အနည်း၊ အများအပေါ် မူတည်ပြီး တန်းခွဲတွေ၊ ဖွင့်လှစ်မယ့် နေ့ရက်တွေကို တစ်ဦးချင်းဆီကို ပြန်လည် အကြောင်းကြားပေး မှာ ဖြစ်ပါတယ်” ဟု မမလ အဖွဲ့ သင်တန်းမှ တာဝန်ရှိသူတစ်ဦးက M-Media ကိုပြောပါတယ်။
အဆိုပါသင်တန်းတွင် ကွန်ပျူတာသင်တန်း၊ Phone Software သင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်း တို့ကို ဖွင့်လှစ် သင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်တန်းသားဦးရေများကိုလည်း ကန့်သတ်ထားခြင်း မရှိဘဲ မည်သူမဆို လွတ်လပ်စွာ တက်ရောက်ခွင့်ရှိကြောင်း သိရပါတယ်။
ယင်းကဲ့သို့ သင်တန်းများသည် မမလ အဖွဲ့တွင် အပတ်စဉ် အလိုက် သင်ကြားပေးနေတာဖြစ်ပြီး ယခုကဲ့သို့ နွေရာသီ သင်တန်းများကိုလည်း ယခင်နှစ်များကပါ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
သင်တန်းတက်ရောက်လိုသော သင်တန်းသားများအနေဖြင့် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး လမ်း (၃၀) အောက်လမ်း၊ ပန်းဘဲတန်းမြို့နယ် ရန်ကုန်တွင် တည်ရှိသည့် မြန်မာမွတ်စလင် လူငယ်များ (ဘာသာရေး) အဖွဲ့ ရုံးခန်းတွင် စာရင်းများ ပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
Leave a Reply
You must be logged in to post a comment.