ဖေဖော်ဝါရီ ၉၊ ၂၀၁၆
M-Media
– ဟောင်ကောင်တွင် ပြုလုပ်ခဲ့သည့် တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကာ ဖမ်းဆီးခံရမှုများလည်း ရှိခဲ့သည်။
နှစ်ကူးအဖြစ် ပျံကျဈေးသည်များက လမ်းဘေးတွင် မိမိသဘောဖြင့် ဆိုင်ခင်းရောင်းချမှုကို ရဲတပ်ဖွဲ့က ရှင်းလင်းပြီး နောက်ပိုင်း ယနေ့မနက်ပိုင်းတွင် ထိုကဲ့သို့ ထိပ်တိုက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က နံပါတ်တုတ်များ ငရုပ်ကောင်းအရည်များကို အသုံးပြုကာ သတိပေး သေနတ်ပစ်ဖောက်မှုများပင် ပြုလုပ်ခဲ့ရသည်။
ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် အသက် ၂၇ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသား ၃ ဦးကို ရဲတပ်ဖွဲ့အားလက်ရောက်ကျူးလွန်မှုနှင့် နှောက်ယှက်မှုတို့ဖြင့် ဖမ်းဆီးခဲ့သည်ဟု ဖော်ပြခဲ့သည်။ ဟောင်ကောင်မြို့၏ လူစည်ကားရာ လမ်းမများတွင် တွေ့ရလေ့ရှိသော ပျံကျဈေးသည်များ၏ ထိုပြဿနာမှာ #FishballRevolution အမည်ဖြင့် ဆိုရှယ်မီဒီယာများတွင် အလျင်အမြန် ပြန့်နှံ့ခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.