ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
M-Media
– နိုင်ငံတကာမှ အသိအမှတ်ပြုထားသည့် လစ်ဗျားအစိုးရ၏ MiG-23 တိုက်လေယာဉ်တစ်စီးမှာ ကမ်းရိုးတမ်းမြို့တစ်မြို့ဖြစ်သော ဘန်ဂါဇီတွင် ပျက်ကျခဲ့ပြီး IS က ၎င်းတို့ ပစ်ချခဲ့သည်ဟု ပြောကြားခဲ့သည်။
IS ၏ ပစ်မှတ်များကို ယမန်နေ့က ပစ်မှတ်ထားတိုက်ခိုက်နေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှူးမှာ လေထီးဖြင့် ခုန်ထွက် လွတ်မြောက်သွားခဲ့သည်ဟု စစ်တပ်သတင်းရင်းမြစ်က ပြောကြားခဲ့သည်။ သို့သော်လည်း လေယာဉ်မှူး မည်သည့်နေရာသို့ ရောက်ရှိနေသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
လစ်ဗျားတွင်အခြေစိုက်သည့် IS အဖွဲ့ကမူ ၎င်းတို့၏ တိုက်ခိုက်ရေးသမားများမှာ ထိုလေယာဉ်ကို ပစ်ချခဲ့သည်ဟုပြောကြားခဲ့သည်။ ထိုကဲ့သို့ လစ်ဗျားတိုက်လေယာဉ် ပျက်ကျမှုမှာ တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး တနင်္လာနေ့ကလည်း နိုင်ငံအရှေ့ပိုင်း ဒါရ်နာမြို့တွင် စစ်သွေးကြွေးများအား တိုက်ခိုက်နေစဉ် MiG-23 အမျိုးအစား တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.