မတ် ၂၊ ၂၀၁၆
M-Media
– အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း အနောက်ပိုင်း ကမ်းရိုးတမ်းတွင် အင်အား ၇.၉ မဂ္ဂနီကျုရှိ ငလျင်တစ်ခု ယနေ့တွင် လှုပ်ခတ်သွားသောကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားသည်ဟု သိရသည်။
မြေပြင်အောက် ၁၀ ကီလိုမီတာအနက်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အနောက်ဆူမားတြား၊ မြောက်ဆူမားတြားနှင့် အာချေးပြည်နယ်တို့တွင် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။ လတ်တလောတွင် ထိခိုက်ဒဏ်ရာရမှု သတင်းများ မရရှိသေးသော်လည်း ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်နိုင်သည့် အလားအလာ ရှိနေသည်။
ငလျင်ကြောင့် အင်ဒိုပြည်သူများမှာ ကုန်းမြင့်ပိုင်းသို့ ထွက်ပြေးခဲ့ကြသည်။ ၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံတွင် အိန္ဒိယသမုဒ္ဒရာမှ ဆူနာမီလှိုင်းလုံးများ ဆိုးဆိုးဝါးဝါးရိုက်ခတ်မှုကို ခံစားခဲ့ရသည်။ အဆိုပါ ဆူနာမီအတွင်း နိုင်ငံပေါင်း တစ်ဒါဇင်ခန့်မှ လူပေါင်း ၂ သိန်း ၃ သောင်းခန့် သေဆုံးခဲ့ပြီး အများစုမှာ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှဖြစ်သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.