မတ် ၈၊ ၂၀၁၆
M-Media
– အိန္ဒိယနိုင်ငံအလယ်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်တွင် လယ်ယာစိုက်ပျိုးရေး ပြဿနာများကြောင့် ပြီးခဲ့သည့်နှစ်အတွင်း မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည့် လယ်သမားအရေအတွက်မှာ စုစုပေါင်း ၃၂၂၈ ဦး ရှိခဲ့သည်ဟု အိန္ဒိယလယ်ယာစိုက်ပျိုးရေးဝန်ကြီး ရဒ်ဟာ မိုဟန်ဆင်းက ပြောကြားခဲ့သည်။
လယ်သမားများ ရင်ဆိုင်နေရသည့် ပြဿနာများ ဖြေရှင်ရေး အစီအစဉ်များကို ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့က ဆောင်ရွက်ပေးနေသော်လည်း အိန္ဒိယနိုင်ငံတစ်ဝှမ်း လယ်သမားများ မိမိကိုယ်ကို သတ်သေမှုမှာ လျော့နည်းသွားခြင်း မရှိချေ။ မဟာရက်ရှ်ထရာပြည်နယ်တွင် သတ်သေသူ လယ်သမား သုံးထောင်ကျော်ခြင်းမှာ ၂၀၀၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးပမာဏလည်း ဖြစ်သည်။
မဟာရက်ရှ်ထရာအပြင် ပြီးခဲ့သည့်နှစ်အတွင်း အော်ရန်ဂါဘဒ်တွင် ၁၁၃၀ ဦး၊ အမ်ရာဝါတီတွင် ၁၁၇၉ ဦး၊ နာရှစ်က်တွင် ၃၆၂ ဦး၊ ပူနီတွင် ၉၆ ဦးနှင် ကွန်ကန်တွင် ၂ ဦး စသဖြင့် လယ်သမားများမှာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြသည်။
“သတ်သေမှု ၃၂၂၈ မှုမှာ ၁၈၄၁ မှုဟာ နစ်နာကြေးရပိုင်ခွင့် ရှိပါတယ်။ ၉၃၀ မှုကတော့ ရပိုင်ခွင့်မရှိပါဘူး။ ၄၈၄ မှုကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေဆဲဖြစ်ပြီး၊ ၁၈၁၈ မှုအတွက် ကျန်ရစ်သူအမွေစားအမွေခံကို ရူမီး ၁ သိန်းစီ ပေးခဲ့ပါတယ်” ဟု ၀န်ကြီးက ပြောကြားခဲ့သည်။
လယ်သမားများ မိမိကိုယ်ကို သတ်သေမှုကို တားဆီးရန် အစီအစဉ်အများအပြားနှင့် မိုးခေါင်ရေရှားမှု အခြေအနေကို တွန်းလှန်ရန်အတွက် ရေတို၊ ရေရှည် ဆောင်ရွက်မှုများကို ပြုလုပ်နေသည်ဟု ဆင်းက ထပ်လောင်းပြောကြားခဲ့သည်။ ယခုနှစ်အတွက် မိုးခေါင်ရေရှားမှုပြဿနာကို ဖြေရှင်းရန်အတွက် ဗဟိုအစိုးရမှာ ရန်ပုံငွေ ရူပီး ၃၀၄၉.၃၆ ကုဋေ သတ်မှတ်ထားသည်ဟု ဆိုသည်။
Ref: islamicnewsdaily
Leave a Reply
You must be logged in to post a comment.