မတ် ၁၁၊ ၂၀၁၆
M-Media
– အဖွဲ့ဝင် ၂၂ နိုင်ငံပါဝင်သည့် အာရပ်လိဂ်မှာ အီဂျစ်နိုင်ငံသား နိုင်ငံခြားရေးဝန်ကြီးဟောင်းကို အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ်သစ်အဖြစ် ရွေးချယ်ခဲ့သည်ဟု သိရသည်။
ယမန်နေ့က ထုတ်ပြန်သည့်ကြေငြာချက်တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး အသက် ၇၃ နှစ်အရွယ် အဘူလ် ဂီအစ် ကို အဖွဲ့ဝင်နိုင်ငံများက တစ်ညီတစ်ညွတ်တည်း မဲပေးရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဂီအစ်မှာ ၂၀၁၁ ခုနှစ် လူထုအုံကြွမှုတွင် ပြု တ်ကျသွားခဲ့သည့် သမ္မတ ဟိုစနီမူဘာရက်၏ သက်တမ်း နောက်ဆုံး ၇ နှစ်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့နောက် ဆန္ဒပြမှုများ ဖြစ်ပွားစဉ်အတွင်း ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။ အလ်ဂျီးရီးယား၊ ဘာရိးန်၊ ကူဝိတ်နှင့် လစ်ဗျားတို့အပါအ၀င် အာရပ်နိုင်ငံ အများအပြားမှာ ဂီအစ်အား ခန့်အပ်မှုအတွက် ကြိုဆိုကြောင်း ပြောကြားခဲ့ကြသည်။
အဘူလ် ဂီအစ်မှာ ရာထူးတွင် ဆက်လက်တာဝန်မထမ်းဆောင်လိုတော့ဟု ပြီးခဲ့သည့်လအတွင်းက ပြောဆိုခဲ့သည့် တစ်နိုင်ငံတည်းသား နဘီလ် အလ်-အာရဘီ၏နေရာအား အစားထိုးရမည်ဖြစ်သည်။ အာရဘီမှာ ၂၀၁၁ ခုနှစ် မတ်လကတည်းက အာရပ်လိဂ်၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
Ref: Press TV


Leave a Reply
You must be logged in to post a comment.