မတ် ၁၁၊ ၂၀၁၆
M-Media
– မကြာသေးခင်ကာလအတွင်း ၀န်ကြီးချုပ်အပါအ၀င် မလေးရှားအစိုးရအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်အား နိုင်ငံပိုင် Petronas ကုမ္ပဏီ၏ အကြံပေးအဖြစ်မှ ကက်ဘိနတ်က ယနေ့တွင် ဖယ်ရှားလိုက်သည်ဟု သိရသည်။
မဟာသီယာမှာ လက်ရှိအစိုးရကို မထောက်ခံသောကြောင့် အစိုးရနှင့်ဆက်စပ်သည့်ကိစ္စများတွင် မည်သည့်ရာထူးမှ ရှိတော့မည်မဟုတ်ဟု ၀န်ကြီးချုပ်ရုံးမှ ယနေ့တွင် ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မဟာသီယာ ဦးဆောင်ခဲ့သည် “နိုင်ငံသားများကြေငြာချက်” မှာ ၀န်ကြီးချုပ် နာဂျစ်ရာဇတ် ဦးဆောင်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရအား ဖြုတ်ချရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု အဆိုပါ ကြေငြာချက်က ဆိုသည်။
ဝန်ကြီးချုပ် နာဂျစ်၏ ခြစားမှုပြဿနာ ပေါ်ပေါက်လာပြီးနောက်ပိုင်း မဟာသီယာမှာ နာဂျစ်အား ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပြီး ပြီးခဲ့သည့်သီတင်းပတ်အတွင်း အတိုက်အခံနိုင်ငံရေးသမားများနှင့်ပူးပေါင်းကာ “နိုင်ငံသားများကြေငြာချက်” ကို ထုတ်ပြန်၍ ငြိမ်းချမ်းစွာ အစိုးရဖြုတ်ချရေး ကြိုးစားခဲ့သည်။
Petronas မှာ မလေးရှားအစိုးရ၏ အမြတ်အစွန်းနှင့် ပြည်ပ၀င်ငွေရရှိသည့် တစ်ခုတည်းသော နိုင်ငံပိုင်လုပ်ငန်းဖြစ်သည်။
Ref : Channelnewsasia
Leave a Reply
You must be logged in to post a comment.