မတ် ၁၄၊ ၂၀၁၆
M-Media
– မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ၎င်း၏ အကြီးတန်းတာဝန်ရှိသူများကို လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် တရားစွဲဆိုရန် ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မာဇူကီ ဒါရုစ်မန်က ယနေ့တွင် တိုက်တွန်းဆော်သြလိုက်သည်။
ကုလလူ့အခွင့်အရေးကောင်စီတွင် ပြောကြားသည့်မိန့်ခွန်းတွင် ဒါရုစ်မန်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မြောက်ကိုရီးယားမှာ နျူကလီးယားနှင့် အခြား ဖျက်အားပြင်းလက်နက် အမြောက်အများထုတ်လုပ်ရန် တိုင်းပြည်၏ ရင်းမြစ်များကို အသုံးချနေပြီး ပြည်သူများမှာ ငတ်မွတ်ခေါင်းပါးနေသည်ဟု ဆိုသည်။
၎င်း၏ တိုက်တွန်းမှုကို ဥရောပသမဂ္ဂနှင့် အမေရိကန်တို့ကလည်း ထောက်ခံခဲ့ပြီး၊ တရုတ်နိုင်ငံကမူ လူ့အခွင့်အရေးပြဿနာများကို နိုင်ငံရေးအတွက် အမြတ်မထုတ်သင့်ဟု ပြောဆိုခဲ့ကာ မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတွင် ပြည့်ဝသည့် နည်းလမ်းတစ်ခု ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။
ဒါရုစ်မန်မှာ ပြီးခဲ့သည့်လက မြောက်ကိုရီးယား၏ လူ့အခွင့်အရေး ကျူးလွန်မှုများနှင့်ပတ်သက်၍ လူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစာတစ်ခု တင်သွင်းခဲ့ပြီး ထိုအစီရင်ခံစာတွင် မြောက်ကိုရီးယားရှိ အကျဉ်းစခန်းများ၊ ကျွန်ပြုခိုင်းစေမှုများ၊ ဘာသာရေး ဖိနှိပ်ချုပ်ချယ်မှုများကို ဖော်ပြထားသည်။
ကုလမှာ မြောက်ကိုရီးယား၏ လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့်ပတ်သက်၍ လွန်ခဲ့သည့် ၂ နှစ်မှစတင်ကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Ref : Channelnewsasia
Leave a Reply
You must be logged in to post a comment.