မတ် ၃၀၊ ၂၀၁၆
M-Media
– မန်စီးတီးအသင်း၏ အားထားရသည့် ကွင်းလယ်ကစားသမား ယာယာတိုးရေးမှာ ရာသီကုန်လျှင် အသင်းမှ ထွက်ခွာတော့မည်ဖြစ်ပြီး လက်ရှိတွင် ဥရောပအသင်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု အေးဂျင့်ဖြစ်သူ ဒီမီထရီ ဆီလက်က ပြောကြားလိုက်သည်။
တိုးရေး၏ စာချုပ်သက်တမ်းမှာ ရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အချိန်မီ သက်တမ်းတိုးရန် မကမ်းလှမ်းပါက အသင်းမှထွက်ခွာမည်ဟု ဆီလက်က စောစောပိုင်းတွင် သတိပေးထားသည်။ တိုးရေးအား ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နှင့် ဂျူ ဗင်တပ်စ်တို့က ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။
“လက်ရှိအချိန်မှာတော့ နွေရာသီမှာ ယာယာထွက်ခွာဖို့အတွက် အသင်းတစ်ချို့နဲ့ ဆွေးနွေးမှုတွေ စတင်နေပါတယ်။ မန်စီးတီးက ခိုင်ခိုင်မာမာ ဘာမှ မလုပ်ပါဘူး။ ယာယာဟာ အသင်းအတွက် အရာအားလုံးကို ပေးဆပ်ခဲ့ပြီး အသင်းရဲ့ ဒီလိုပုံစံမျိုးက ယာယာကို အသင်းမှာဆက်ရှိနေစေချင်တဲ့ ဆန္ဒရှိတယ်လို့ မခံစားရပါဘူး” ဟု အေးဂျင့်ဖြစ်သူက ပြောကြားခဲ့သည်။
တိုးရေးမှာ ယခုနှစ် ပရီးမီးယားလိဂ်တွင် ၂၆ ပွဲ ပါဝင်ကစားခဲ့ကာ ၆ ဂိုး သွင်းယူပေးထားသည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.