မတ် ၃၀၊ ၂၀၁၆
M-Media
– အသင်း အောင်မြင်မှုများစွာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် တိုက်စစ်မှူးရော်နယ်ဒိုကို ရီးယဲလ်ပရိတ်သတ်များအနေဖြင့် ပိုမိုလေးစားသင့်သည်ဟု ရီးယဲလ်ကစားသမားဟောင်း ကာကာက ပြောကြားလိုက်သည်။
၂၀၀၉ ခုနှစ်က မန်ယူမှ ရီးယဲလ်သို့ ပြောင်းရွှေ့လာခဲ့သည့် ရော်နယ်ဒိုမှာ အသင်းအတွက် ဂိုးပေါင်း ၃၅၀ ကျော် သွင်းယူပေးထားပြီး ထိုကာလအတွင်း ချန်ပီယံလိဂ်ဖလားနှင့် လာလီဂါတို့ကို တစ်ကြိမ်စီ ရရှိခဲ့သည်။ သို့သော်လည်း ရော်နယ်ဒိုမှာ ယခုရာသီတွင် အသင်းဖော်များနှင့်အတူ ရီးယဲလ်ပရိသတ်များ၏ ငြိုငြင်မှုကို ခံနေရသည်။
ရော်နယ်ဒိုနှင့် ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အတူကစားဖူးသည့် ကာကာကမူ ရော်နယ်ဒိုကို ပရိတ်သတ်များက ပိုမိုလေးစားရမည်ဟု ဆိုသည်။
“ခရစ္စတီယာနိုက ကြီးကျယ်တဲ့ ကစားသမားပါ။ သူရဲ့ စွမ်းရည်ကိုသာ ကျွန်တော် ပြောတာမဟုတ်ပါဘူး။ အသင်းအတွက် သူ ကူညီပေးနိုင်တာလည်း ပါပါတယ်။ အသင်းအတွက် သူလုပ်ပေးခဲ့တာတွေအတွက် ပရိတ်သတ်တွေအနေနဲ့ သူ့အပေါ် ပိုပြီး လေးစားတာမျိုး မြင်ချင်ပါတယ်။ တစ်ခါတစ်လေမှာ ရော်နယ်ဒိုကို မကောင်းပြောတာမျိုး ကျွန်တော် ကြားရပါတယ်။ သူလုပ်ပေးခဲ့တာတွေကို အသိအမှတ်ပြုရင် ဒါမျိုး မပြောသင့်ပါဘူး” ဟု ကာကာ က ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.