ပဲခူး။ ။ ငြိမ်းချမ်းရေးအတွက်ချစ်ကြည်ငြိမ်းချမ်းစွာအတူတကွလက်တွဲနေနိုင်ရေးကို ရည်ရွယ်ပြီး ဧပြီလ ၃ ရက်နေ့တွင် ပဲခူးမြို့၌ ဘာသာပေါင်းစုံချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးတရားပွဲတစ်ရပ်ကို ပဲခူးမြို့ မဇင်း (၁) လမ်း ကျွန်းသာယာရပ်ကွက်တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ပဲခူး ဘာသာပေါင်းစုံငြိမ်းချမ်းရေး လူငယ်တွေကနေ စုပေါင်းပြီးတော့ ငြိမ်းချမ်းရေး အတွက်ချစ်ကြည်ငြိမ်းချမ်းစွာအတူတကွ လက်တွဲနေနိုင်ရေး ဘာသာတခုနဲ့တခုအထင်လွဲ အမြင်လွဲမှုပပျောက်ရေး အစရှိတာတွေကို ရည်ရွယ်ပြီး အခုလို တရားပွဲကျင်းပရခြင်းဖြစ်တယ်လို့ ပဲခူးဘာသာပေါင်းစုံငြိမ်းချမ်းရေး လူငယ်တစ်ဦးဖြစ်သူ ကိုဝဏ္ဍထွန်းက ဆိုပါတယ်။
အဆိုပါ ဘာသာပေါင်းစုံချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး တရားပွဲတွင် ဘဒ္ဒန္တ သုန္ဒရ (ဓမ္မာစရိယ နယ်လှည့်သာသနာပြု ဓမ္မကထိက၊ သီရိစန္ဒာရုံကျောင်းတိုက် ပဲခူးမြို့)၊ အရှင်သာသနသီရိ (ကျမ်းပြု၊ စာချ၊ ဓမ္မာစရိယ (မြန်မာ့ဂုဏ်ထူး) အောင်ဇေယျပရိယတ္တိစာသင်တိုက်) ၊ ဒေါက်တာ အရှင်ဗညောသာသ (သဒ္ဒမ္မဇောတိက၊ ဓမ္မာစရိယ (M.A,Ph.D) ပန်းပျိုးလက်ကျောင်း ပဲခူးမြို့)၊ ၊ ခလီဖွာဦးသိန်းဝင်းအောင် (ဥပဇ္ဇျာဆရာတော်၊ K.A.F.T.G အစ္စလာမ်ပရမတ္တမိသားစုအဖွဲ့ကြီး မန္တလေးမြို့)၊ အလ်ဟာဂ်ျ ရှိတ်ခ်ဒေါက်တာ ဆောင်းလွင်အောင် B.D.S (YGN) (Imamat Alazhar- Cairo) ရန်ကုန်မြို့၊ ဆရာဂျိမ်းစ်စည်သူ (ပဲခူးမြို့) နှင့် B.N Apparoa (ခ) ဆရာဦးသန်းဝင်း လူမှုကူညီရေးအသင်း ပဲခူးမြို့ တို့ကနေ တရားရေအေးများကို တိုက်ကျွေးကြမှာပဲ ဖြစ်ပါတယ်။
ထိုတရားပွဲကို ဧပြီလ ၃ ရက်နေ့ ည ၇နာရီခွဲမှ စတင်ကာ ၁၀ နာရီထိ ပြုလုပ်ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။
Leave a Reply
You must be logged in to post a comment.