News @ M-Media

ပါလက်စတိုင်းတစ်ဦးအား တမင်တကာ ပစ်သတ်ခဲ့သည့် စစ်သားကို အစ္စရေးက အရေးမယူမှု ကုလရှုတ်ချ

မတ် ၃၁၊ ၂၀၁၆
M-Media

pales 3

– ဒဏ်ရာရနေသူ ပါလက်စတိုင်းအမျိုးသားတစ်ဦးအား အစ္စရေးစစ်သားက အနီးကပ် ပစ်ခတ်သတ်ဖြတ်မှုကို ကုလသမဂ္ဂက ယမန်နေ့တွင် ရှုတ်ချပြောဆိုလိုက်ပြီး ထိုလုပ်ရပ်မှာ တရားလက်လွတ်သတ်ဖြတ်သည့် ထင်ရှားသောဖြစ်ရပ်တစ်ခုဟု ပြောကြားလိုက်သည်။

အစ္စရေးစစ်သား၏ ထိုလုပ်ရပ်အား မှတ်တမ်းတင်ထားသော ဗီဒီယို ပြီးခဲ့သည့်တစ်ပတ်က ထွက်ပေါ်လာပြီးနောက် ကျူးလွန်သူကို အပြစ်ပေးရန် အစ္စရေးအပေါ် ကမ္ဘာတစ်ဝှမ်းမှ ဖိအားများ ပေးခဲ့သော်လည်း အစ္စရေးစစ်ခုံရုံးကမူ အထောက်အထားမပြည့်စုံဟုဆိုကာ အင်္ဂါနေ့က ပယ်ချခဲ့သည်။

“ဒဏ်ရာအပြင်းအထန်ရနေတဲ့ လူတစ်ယောက်ဟာ ရန်မူနိုင်တဲ့ အနေအထား မရှိတော့တာ ထင်ရှားပါတယ်။ ဒီဗီဒီယိုက တရားလက်လွတ်သတ်ဖြတ်မှု လက္ခဏာတွေအားလုံးနဲ့ အကျုံးဝင်နေပါတယ်။ ဥပဒေကို လက်တလုံးခြားလုပ်သူတွေက ဒီကိစ္စအပေါ် ဘယ်လိုပဲ ဆောင်ရွက်ပါစေ၊ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်စွမ်းမရှိတဲ့ လူတစ်ယောက်ကို သတ်ဖြတ်တာက လူသတ်မှုပါပဲ” ဟု တရားလက်လွတ်သတ်ဖြတ်ခြင်း၊ ဥပဒေပ ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် စိတ်ထင်တိုင်း ကျူးလွန်ခြင်းဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတော့ဖ် ဟင်စ်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ပြောရေးဆိုခွင့်ရှိသူ မူပါ့တ် ကိုလ်ဗီလီကလည်း ပါလက်စတိုင်းတစ်ဦးကို ထိုကဲ့သို့ တရားလက်လွတ် သတ်ဖြတ်ခြင်းအတွင်း စိုးရိမ်မိသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply