မတ် ၃၁၊ ၂၀၁၆
M-Media
– မိမိနှင့် အလွန်တူညီသည့် ပုံရိပ်တစ်ခုအား သုံးစွဲမှုအတွက် တောင်ကိုရီးယားမှ Samsung ကုမ္ပဏီကို ဂန္တ၀င် ဘရာဇီးလ်တိုက်စစ်မှူး ပီလီက တရားစွဲဆိုလိုက်ပြီး နစ်နာကြေး ကန်ဒေါ်လာ သန်း ၃၀ ကို တောင်းဆိုလိုက်သည်။
Samsung ၏ တီဗီကြော်ငြာတစ်ခုတွင် ပီလီနှင့်ဆင်သည့် လူမည်းတစ်ဦး၏ ရုပ်ပုံနှင့်အတူ ပီလီ၏ နာမည်ကျော် နောက်ပြန်ကန်ချက် (bicycle kick) ကိုပါ ထည့်သွင်းအသုံးပြုထားခြင်း ဖြစ်သည်။
၁၉၇၁ ခုနှစ်တွင် ဘောလုံးလောကမှ အနားယူခဲ့ပြီး အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ပီလီကမူ ထိုကဲ့သို့ အသုံးပြုမှုအတွက် Samsung မှာ မိမိထံမှာ နှုတ်ဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း တရားဝင် သဘောတူညီချက် ရယူခဲ့ခြင်းမရှိဟု ပြောကြားခဲ့သည်။
ထိုကဲ့သို့ တရားစွဲဆိုမှုအတွက် ပီလီမှာ NBA ကစားသမားဟောင်း မိုက်ကယ်ဂျော်ဒန်၏ ကျောနံပါတ် ၂၃ နှင့် နာမည်တို့အား အသုံးပြုမှုအတွက် ၂၀၀၉ ခုနှစ်တွင် ကုန်စုံဆိုင်တစ်ခုအား တရားစွဲဆိုမှုကို ဆောင်ရွက်ပေးခဲ့သည့် ဥပေဒေ အကျိုးဆောင်အဖွဲ့အား ငှားရမ်းခဲ့သည်။
မိုက်ကယ်ဂျော်ဒန်မှာ ထိုအမှုအတွက် ကန်ဒေါ်လာ ၉ သန်း နီးပါး တရားဝင်ရရှိခဲ့ပြီး နောက်ကွယ်တွင် ထိုထက်များသောပမာဏဖြင့် ပြေလည်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
Ref : Goal


Leave a Reply
You must be logged in to post a comment.