ဧပြီ ၅၊ ၂၀၁၆
M-Media
– လာမည့်ရာသီအကြို အပြောင်းအရွှေ့ဈေးကွက်တွင် သုံးစွဲရန်အတွက် မန်ယူက နည်းပြဗန်ဂါးလ်အား ယူရိုသန်း ၁၀၀ ပေးရန် စီစဉ်ထားပြီး၊ အဲဗာတန်အသင်းမှ တိုက်စစ်မှူး လူကာကူမှာ မန်ယူ၏ ထိပ်ဆုံးပစ်မှတ်ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။
ဗန်ဂါးလ် စတင်ရောက်ရှိစဉ် ၂၀၁၄ ခုနှစ်က မန်ယူမှာ ငွေကြေးအမြောက်အများသုံးကာ နာမည်ကြီးကစားသမားများကို ခေါ်ယူခဲ့သော်လည်း အသင်းမှာ တည်ငြိမ်ခြင်းမရှိဘဲ လက်ရှိတွင်လည်း ဗန်ဂါးလ်၏ အခြေအနေမှာ မရေရာမသေချာ ဖြစ်နေသည်။ ဗန်ဂါးလ်ကိုတိုယ်ကလည်း ၎င်းမှာ ယခုနှစ်နွေရာသီတွင် အသင်းမှ ထွက်ခွာကောင်း ထွက်ခွာနိုင်သည်ဟု ပြောကြားထားသည်။
သို့သော်လည်း ယခုထွက်ပေါ်လာသည့် သတင်းများအရ မန်ယူမှာ ဗန်ဂါးလ်အား အသင်း၌ ဆက်ရှိနေစေချင်ပြီး လာမည့်ရာသီသတ်အတွက် ကြီးကြီးမားမား ပြောင်းလဲချင်နေဟု ဆိုသည်။
ပရီးမီးယားလိဂ်တွင် ပွဲ ၃၀ ကစားပြီး ၁၈ ဂိုးသွင်းယူထားနိုင်သည့် အဲဗာတန်တိုက်စစ်မှူး လူကာကူကို ဥရောပ ထိပ်တန်းအသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေပြီး မန်ယူကလည်း ထိုအထဲတွင် ပါဝင်နေသည်။ သို့သော်လည်း အဲဗာတန်အသင်းကမူ လူကာကူအတွက် အနိမ့်ဆုံး ယူရို သန်း ၇၀ ရရှိမှာသာ ဆွေးနွေးမှုများ ပြုလုပ်ချင်နေသည်။
Ref : Goal


Leave a Reply
You must be logged in to post a comment.