ဧပြီ ၆၊ ၂၀၁၆
M-Media
– ဒီနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ဘိုင်ယန်မြူးနစ်က ပွဲအစသွင်းဂိုးနဲ့ ဘင်ဖီကာကို အနိုင်ရခဲ့ပြီး ဘာစီလိုနာကတော့ အက်သလက်တီကို ကို နောက်ကလိုက်ကစားကာ အနိုင်ယူခဲ့ပါတယ်။
ဘိုင်ယန် ၁-၀ ဘင်ဖီကာ
အိမ်ကွင်းမှာကစားခဲ့ရပြီး ခြေစွမ်းပြနိုင်တဲ့ ဘိုင်ယန်တို့ ဒီထက်ဂိုးပိုရသင့်ပေမယ့် ဘင်ဖီကာဂိုးသမား အက်ဒါဆန် အံ့သြစရာကောင်းလောက်အောင် လက်စွမ်းပြနိုင်တာကြောင့် ဗီဒဲလ်ရဲ့ ပွဲအစ ၂ မိနစ်သွင်းဂိုးနဲ့သာ ကျေနပ်ခဲ့ရတာပါ။ ပွဲအစမှာ တည်မရခဲ့တဲ့ ဘင်ဖီကာ နောက်ပိုင်းမှာ တစ်ဖြည်းဖြည်းပိုငြိမ်လာပေမယ့် လိုအပ်နေတဲ့ဂိုးတွေကိုတော့ မရခဲ့ပါဘူး။
ဘာစီလိုနာ ၂-၁ အက်သလက်တီကို
လာလီဂါမှာ ဖလားရရှိရေး အကြိတ်အနယ်ယှဉ်ပြိုင်နေရတဲ့ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုဟာ ကြည့်ကောင်းခဲ့ပြီး ပွဲအစ ၂၅ မိနစ်မှာ တောရက်စ်က ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အိမ်ရှင်တို့ ထိတ်ထိတ်ပြာပြာ ဖြစ်ခဲ့ပါသေးတယ်။
ဂိုးရပြီး သိပ်မကြာခင်မှာဘဲ တောရက်စ်အထုတ်ခံလိုက်ရပြီး အဲဒီနောက်မှာတော့ ဘာကာ စိတ်ကြိုက်ဖြစ်ခဲ့ပါတယ်။ အိမ်ရှင်အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ၆၃ နဲ့ ၇၄ မိနစ်တွေမှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
Leave a Reply
You must be logged in to post a comment.