ပျဉ်းမနား ဧပြီ ၁၂
နေပြည်တော် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ ၁၃၉၀ ကြိမ်မြောက် တမန်တော်နေ့ အခမ်းအနားနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနားကို ဧပြီ ၉ ရက် နံနက် ၈ နာရီခွဲက ပျဉ်းမနားမြို့ မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပျဉ်းမနား မြို့နယ် တမန်တော်နေ့ အခမ်းအနားနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်အနား ကျင်းပရေး ကော်မတီ ဥက္ကဌ မောင်လဝီ အလီက အမှာစကားပြောကြားပြီး ဗုဒ္ဓဘာသာဝင်များ ကိုယ်စား ကန်လယ် ကျောင်းတိုက် ဆရာတော် ဥူးပညာဝုဒက လည်းကောင်း အစ္စလာမ်ဘာသာဝင်များကိုယ်စား မန္တလေးမြို့မှ ရောက်ရှိလာသော အလ်ဟတ်ခ်ျ ခလီဖွာ ဆရာဦးသိန်းဝင်းအောင်က လည်းကောင်း၊ ခရစ်ယာန်ဘာသာဝင်များ ကိုယ်စား မြန်မာနှစ်ခြင်း အသင်းတော် တွဲဖက် အသင်းအုပ် သိက္ခာတော်ရ ဆရာတော် ဦးမြင့်ဦးကလည်းကောင်း ချစ်ကြည်ရေး သြဝါဒ စကားပြောကြားခဲ့သည်။
အခမ်းအနား သို့ ပျဉ်းမနားမြို့နယ်နှင့် ဝန်းကျင်မြို့နယ်များမှ ဧည့်ပရိတ်သတ်များ၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များမှ ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းမင်းလတ်(မန်းတက္ကသိုလ်)
၁၃၊၄၊ ၂၀၁၆ မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်။
Leave a Reply
You must be logged in to post a comment.