ဧပြီ ၁၇၊ ၂၀၁၆
M-Media
– မိမိတို့ဟာ ကဏ္ဍအသီးသီးမှာ အထူးသဖြင့် စီးပွားရေးနဲ့ နိုင်ငံတကာအရေးကြီးကိစ္စတွေမှာ နှစ်နိုင်ငံပူးတွဲဆောင်ရွက်ဖို့ ဆုံးဖြတ်ချက် ချထားပြီးဖြစ်တယ်လို့ အီရန်နဲ့ ဥရောပသမဂ္ဂတို့က ပြောကြားလိုက်ပါတယ်။
အီရန်နိုင်ငံကိုရောက်ရှိနေတဲ့ အီးယူ နိုင်ငံခြားရေးရာအကြီးအကဲ ဖက်ဒရီကာ မို့ဂ်ဟီရီနီနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်တို့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာဖြစ်ပြီး ဇာရစ်ဇ်ကတော့ မို့ဂ်ဟီရီနီ လာရောက်လည်ပတ်ခြင်းဟာ အီရန်နဲ့ အီးယူတို့အကြား ဆက်ဆံရေးအတွက် ‘နိဒါန်းသစ်’ ဖြစ်တယ်လို့ ဆိုပါတယ်။
အီးယူနိုင်ငံခြားရေးရာအကြီးအကဲရဲ့ ဒီခရီးစဉ်မှာ စီးပွားရေးနဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ အီရန်မှာ အီးယူရဲ့အမြဲတမ်းရုံးခန်းတစ်ခု ဖွင့်လှစ်ရေးတို့ကိုလည်း ဆွေးနွေးကြမှာဖြစ်ပြီး နောက်ပိုင်းမှာ ကြေညာချက်လေးစောင်ကို ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။
ဇူလိုင်လက အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့အကြား ချုပ်ဆိုခဲ့တဲ့ နျူသဘောတူညီချက်အရ ကျန်ရှိနေတဲ့ အခက်အခဲတွေကို ပြေလည်စေဖို့အတွက် အီရန်နဲ့ အီးယူတို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဇာရစ်ဖ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
အီးယူအာဏာပိုင်တွေဟာ အီရန်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် (WTO) နဲ့ ဆယ်သွယ်နိုင်အောင်လည်း ကူညီပေးဖို့ ရှိနေပါတယ်။
Ref: Presstv


Leave a Reply
You must be logged in to post a comment.