ဧပြီ ၂၄၊ ၂၀၁၆
M-Media
– ပြည်ပက ထောက်ပံ့ပေးထားပြီး ငါးနှစ်ကျော်ကြာမြင့်လာပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ လေသိန်းအထိရှိလာပြီလို့ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က စတာဖန် ဒီ မစ်တူရာက ပြောကြားလိုက်ပါတယ်။
သောကြာနေ့က ဂျီနီဗာမြို့မှာ ပြုလုပ်ခဲ့တဲ့ ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြောဆိုသွားခဲ့တာဖြစ်ပြီး ဒီအချက်အလက်ဟာ ၎င်းရဲ့ ကိုယ်ပိုင်သုံးသပ်ချက်အပေါ် အခြေခံထားတာ ဖြစ်ကာ အတိအကျမဟုတ်ဘူးလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အချက်အလက်အတိအကျရဖို့အတွက် ကောက်ယူနိုင်တဲ့အခြေအနေမရှိလို့ လူသေဆုံးမှုအရေအတွက်ကို တရားဝင်မပြောကြားတော့ဘူးလို့ ကုလက ဆုံးဖြတ်ပြီးနောက်မှာ မစ်တူရာရဲ့ ဒီကိန်းဂဏန်း ပေါ်ထွက်လာတာပါ။
ဒီအရေအတွက်ဟာ ဆီရီးယားရဲ့ မူဝါဒဆိုင်ရာသုတေသနဌာနက ဖေဖော်ဝါရီလမှာ တွက်ချက်ထားတာနဲ့ နီးစပ်ပါတယ်။ အဲဒီဌာနက ဆီးရီးယားပဋိပက္ခကြောင့် လူသေဆုံးမှုဟာ ၄၇၀၀၀၀ ကျော်ရှိပြီလို့ ဆိုပါတယ်။
ဆီးရီးယားမှာ ၂၀၁၁ မတ်လကတည်းက အာဆတ်အစိုးရတပ်တွေနဲ့ နိုင်ငံရပ်ခြား ကျောထောက်နောက်ခံပြု အတိုက်အခံတပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယခုအချိန်အထိတော့ ပြီးဆုံးမယ့်အလားအလာ မရှိသေးပါဘူး။
Ref: Presstv
Leave a Reply
You must be logged in to post a comment.