ဧပြီ ၂၈၊ ၂၀၁၆
M-Media
– မိမိတို့တိုင်းပြည်ရဲ့ နည်းပညာစွမ်းပကားဟာ တိုက်ချင်းပစ်ဒုံးကျည်တွေ ဖန်တီးထုတ်လုပ်နိုင်တဲ့အဆင့်အထိ ရှိနေပြီလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံရေးဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ ဟာမစ် ဘာအစ်ဒီနီဂျဒ်က ပြောကြားလိုက်ပါတယ်။
“ကျွန်တော်တို့နိုင်ငံရဲ့ စွမ်းပကားက တိုးတက်လျက် ရှိနေပါတယ်။ ဒီနေ့ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးနယ်ပယ်မှာ ဘာကန့်သတ်ချက်မှ ရှိမနေတော့ပါဘူး၊ ကျွန်တော်တို့ရဲ့ ဒုံးကျည်အစီအစဉ်မှာလည်း ဘယ်လို နည်းပညာ ကန့်သတ်ချက်မျိုးမှ မရှိပါဘူး။ အခုဆိုရင် ကျွန်တော်တို့ရဲ့သိပံ္ပစွမ်းအားဟာ တိုက်ကြီးတွေအကြား ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်မျိုး ထုတ်လုပ်ဖို့တောင် အခြေအနေ ပေးနေပါပြီ”
နောက်ပြီး မိမိတို့ရဲ့ စစ်ရေးမူဝါဒဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ မူဝါဒနဲ့မတူဘဲ ကာကွယ်ရေးကိုသာ အခြေခံပြီး ရန်သူတွေရဲ့ ခြိမ်းခြောက်မှုကို တုန့်ပြန်နိုင်ဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။
“ဒေသတွင်းက တခြားသောနိုင်ငံတွေ၊ ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံတွေရဲ့ စစ်ရေးမူဝါဒနဲ့မတူညီတာက ကျွန်တော်တို့ရဲ့ စစ်ရေးမူဝါဒဟာ ဒေသတွင်း ဒါမှမဟုတ် ကမ္ဘာကြီးမှာ ရန်လိုခြိမ်းခြောက်မှုတွေ လျော့ကျစေဖို့ဖြစ်ပါတယ်”
Ref: Presstv


Leave a Reply
You must be logged in to post a comment.