ဧပြီ ၂၈၊ ၂၀၁၆
M-Media
– ရုရှားမှာ ၎င်းတို့ကိုယ်ပိုင်ထုတ်လုပ်သည့် တိုက်လေယာဉ် Yakovlev Yak-130 (Mitten) ၃ စီးကို ယခုနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပေးပို့သွားမည်ဟု သိရသည်။
တိုက်လေယာဉ်ထုတ်လုပ်သည့် Irkut ကုမ္ပဏီ၏ ၂၀၁၆ ခုနှစ် ပေးပို့ရေး အစီအစဉ်တွင် အဆိုပါ တိုက်ပွဲဝင် လေ့ကျင့်ရေးတိုက်လေယာဉ်ကို သက်ဆိုင်ရာ ပစ္စည်းကိရိယာများနှင့်အတူ မြန်မာနိုင်ငံသို့ နှစ်မကုန်ခင် ပေးပို့ရန်နှင့် ဘက်စုံလေ့ကျင့်နိုင်သည့် တိုက်လေယာဉ် မောင်းနှင်လေ့ကျင်ရေးစက် (simulator) ကိုလည် ၂၀၁၇ ခုနှစ် အဆုံးပိုင်းတွင် ပေးပို့ရန် ဖော်ပြထားသည်။
တစ်စီးလျှင် ကန်ဒေါ်လာ ၁၅ သန်းတန်ကြေးရှိ Yak-130 တိုက်လေယာဉ်မှာ အသံထက်နှေးကွေးသည့် ရုရှားထုတ် မျိုးဆက်သစ် တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်များတွင် ထုတ်လုပ်ကာ ၂၀၀၀ ပြည့်နှစ်များတွင် စမ်းသပ်ပျံသန်းခြင်းကို ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံမှာ ထိုတိုက်လေယာဉ်အား ၀ယ်ယူရန် ၂၀၁၂ ခုနှစ်ကတည်းက စိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။
ထို့ကြောင့် အလ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်နှင့် ဘီလာရုဇ်နိုင်ငံတို့ပြီးနောက် မြန်မာနိုင်ငံမှာ ထိုတိုက်လေယာဉ်ကို ၀ယ်ယူသည့် စတုတ္ထမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။ ထို့ပြင် အဇာဘိုင်ဂျန်၊ ဆီးရီးယား၊ ဆားဘီးယားနှင့် ဗီယ်နမ်တို့အပါအ၀င် အခြားသောနိုင်ငံများကလည်း ရုရှားထုတ် Yak-130 တိုက်လေယာဉ်အား ၀ယ်ယူရန် စိတ်ဝင်စားနေသည်။
Ref: The Diplomat
Leave a Reply
You must be logged in to post a comment.