News @ M-Media

မြန်မာနိုင်ငံသို့လာရောက်သည့် ဂျာမန်ခရီးသွားနှစ်ဦး မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရ

ဧပြီ ၂၈၊ ၂၀၁၆
M-Media

mine

– မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ဂျာမန် ခရီးသွားဧည့်သည် ၂ ဦးမှာ ရှမ်းပြည်နယ်တွင် မြေမြှုပ်မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

နိုင်ငံပိုင် New Light of Myanmar သတင်းစာကမူ အဆိုပါ ခရီးသွား ၂ ဦးမှာ အသက် ၂၄ နှစ်အရွယ်စီရှိသည့် Wiebke Rosler နှင့် Felix Zimmermann တို့ဖြစ်ပြီး ၎င်းတို့၏ ဧည့်လမ်းညွှန်နှင့်အတူ အင်္ဂါနေ့ နေ့လည်ပိုင်းက ကျောက်မဲမြို့တွင် မြေမြှုပ်မိုင်း ထိခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ဒဏ်ရာရရှိသူ ၂ ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တင်မောင်သိန်းကမူ Rosler မှာ ပြင်းပြင်းထန်ထန် ထိခိုက်မိခဲ့ကာ ၎င်း၏ လက်နှင့် နားအနီးတွင် ဒဏ်ရာများရရှိခဲ့ပြီး၊ Zimmermann မှာ ခန္တာကိုယ်ညာဘက်ပိုင်းတွင် ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ ဧည်လမ်းညွှန်မှာလည်း ဒဏ်ရာ အနည်းငယ်သာရရှိခဲ့သည်။

အဆိုပါ ဂျာမန်ခရီးသွားများကို မန္တလေးမြို့ရှိ ဆေးရုံတွင် ဆေးကုသပေးနေပြီး ယမန်နေ့တွင် လမ်းလျှောက်နိုင်ပြီဟု တင်မောင်သိန်းက ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှာ လွန်ခဲ့သည့် ၇ နှစ်အတွင်း လူသတ်မိုင်းများကြောင့် ထိခိုက်ဒဏ်ရာရသူ တတိယအများဆုံးရှိသည့် နိုင်ငံဖြစ်သည်ဟု နိုင်ငံတကာ Ban Landmines လှုပ်ရှားမှုအဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းများ တားဆီးပိတ်ပင်ရေး စာချုပ်ကို လက်မှတ်ရေးထိုးထားသည့်နိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံရှိ မြေမြှုပ်မိုင်းများကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖက်စလုံးက အသုံးပြုသည်ဟု ယုံကြည်ရသည်။

Ref: ABCnews

Comments

Leave a Reply