News @ M-Media

ပါလက်စတိုင်းရှိ အိမ်ယာများအား အစ္စရေးက ဖျက်ဆီးမှု ယခုနှစ်တွင် လေးဆမြင့်တက်

ဧပြီ ၃၀၊ ၂၀၁၆
M-Media

palestine 2

– ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတစ်လျှောက်မှာ ပါလက်စတိုင်းပြည်သူတွေရဲ့ နေအိမ်နဲ့ အဆောက်အဦးတွေကို အစ္စရေးဘက်က ဖျက်ဆီးပစ်နေတာဟာ ပြီးခဲ့တဲ့နှစ်ထက်စာရင် အခုနှစ်မှာ လေးဆလောက် ပိုများလာတယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။

၂၀၁၆ အစမှာကတည်းက နေအိမ်ဖယ်ရှားခံရတဲ့ ပါလက်စတိုင်းပြည်သူ ၈၀၈ ယောက်အထိ ရှိနေပြီလို့ မှတ်တမ်းတွေအရ သိရပြီး ဇန်န၀ါရီလမှာကတည်းက ပါလက်စတိုင်းတွေရဲ့ အဆောက်အဦး စုစုပေါင်း ၅၈၈ ခု ဖျက်ဆီးခံခဲ့ရပါတယ်။ ဒါ့အပြင် ၀င်ငွေရနိုင်တဲ့ အဆောက်အအုံတွေလည်း ဖျက်ဆီးခံခဲ့ရတာကြောင့် ပါလက်စတိုင်းပြည်သူ ၁၀၀၀ ကျော်လောက်ကို အကြပ်တွေ့စေခဲ့ပါတယ်။

ဖျက်ဆီးခံရတဲ့နေရာအများစုဟာ အနောက်ဘက်ကမ်းရဲ့ ဧရိယာ C မှာ ဖြစ်ခဲ့တာဖြစ်ပြီး အဲ့ဒီနေရာဟာ ပါလက်စတိုင်းမြေနေရာထဲမှာ အကြီးဆုံးအစိတ်အပိုင်းဖြစ်ကာ အနောက်ဖက်ကမ်းရဲ့ ကုန်းမြေ ၆၀ ရာခိုင်နှုန်းလောက် ပါရှိပါတယ်။ ပြီးတော့ အဲဒီ ဧရိယာကို အစ္စရေးစစ်တပ်က အပြည့်အ၀ ထိန်းချုပ်ထားတာပါ။

ကုလသမဂ္ဂ လူသားချင်း စာနာမှုထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (UNOCHA) က အနောက်ဖက်ကမ်းမှာ အစ္စရေးရဲ့ဖျက်ဆီးသိမ်းပိုက်မှုတွေကြောင့် တစ်ရက်တည်းမှာပဲ ကလေးငယ် အယောက် ၆၀ အပါအ၀င် ပါလက်စတိုင်း ၁၂၄ ယောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဧပြီလ ၈ ရက်နေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလအစကတည်းက အစ္စရေးတပ်ဖွဲ့တွေရဲ့လက်ချက်ကြောင့် ကလေးနဲ့အမျိုးသမီးတွေအပါအ၀င် ပါလက်စတိုင်းပြည်သူ ၂၁၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။

Ref: Presstv

Comments

Leave a Reply