မေ ၁၂၊ ၂၀၁၆
M-Media
– မြန်မာနိုင်ငံရှိ တယ်လီဖုန်းအော်ပရေတာ တစ်ခုဖြစ်သော အော်ရီဒူးမှာ ယခုလအတွင်း 4G ကွန်ယက်ကို စတင်မိတ်ဆက်ပေးသွားရန် ရှိနေပြီး နိုင်ငံအတွင်း 4G ကွန်ယက် ၀န်ဆောင်မှုပေးသော ပထမဆုံး အော်ပရေတာ ဖြစ်လာမည်ဖြစ်သည်။
သုံးစွဲသူများအား ပိုမိုမြန်ဆန်သော အင်တာနက်မြန်နှုန်းကို ရရှိစေနိုင်မည့် အဆိုပါ 4G ကွန်ယက်စနစ် မိတ်ဆက်မည့် နေ့ရက်အတိအကျကို ထုတ်ပြန်ခြင်းမရှိသေးဘဲ ကနဦးပိုင်းတွင် ရန်ကုန်နှင့် မန္တလေးတို့တွင်သာ ရရှိမည်ဖြစ်သည်။
အော်ရီဒူး၏ လက်ရှိ ဆင်းကဒ်များမှာ 4G ကွန်ယက်နှင့် အဆင်ပြေသောကြောင့် သုံးစွဲသူများမှာ ဆင်းကဒ်အသစ် လဲစရာမလိုဘဲ အင်တာနက်အသုံးပြုနိုင်မည့် ဈေးနှုန်းများမှာလည်း ယခင် 3G ကွန်ယက်တွင် သတ်မှတ်ပေးထားသည့် Package ၃ မျိုးအတိုင်း သွားမည်ဟု အော်ရီဒူးက ယခုတစ်ပတ်အတွင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
Ref: yangon-coconut


Leave a Reply
You must be logged in to post a comment.