News @ M-Media

ဘာသာပေါင်းစုံ လမ်းလျောက်ပွဲ ခွင့်ပြုချက်ရသော်လည်း သက်ဆိုင်ရာသို့ တင်ထားသည့် လမ်းကြောင်း မရရှိ

မေ ၁၃ ၊ ၂၀၁၆
M-Media
မိုးစက်
1936188_1152930651408374_8803286281294960674_n
မေလ ၁၄ ရက်နေ့တွင် ဘာသာပေါင်းစုံမှ လူငယ်များ လမ်းလျှောက်မည့် လမ်းကြောင်းအား သက်ဆိုင်ရာသို့ လျှောက်ထားရာတွင် မူလလျှောက်ထားတဲ့ လမ်းကြောင်းမရရှိဘဲ လမ်းကြောင်းပြောင်းရန် သက်ဆိုင်ရာမှ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

“ကျွန်တော်တို့သွားမယ့်လမ်းကြောင်းကို တစ်ပတ်ကြိုတင်ထားတယ်။ သူတို့ဘက်က မနေ့ကမှ အဲ့လမ်းကြောင်း မပေးဘူးဆိုပြီး ပြန်ပြောတာပါ။ ကျွန်တော်တို့ကတော့ မူလစီစဉ်ထားတဲ့ လမ်းကြောင်းမှာပဲ ဆက်လုပ်သွားမှာပါ” လို့ ပွဲကိုဦးဆောင်စီစဉ်သူတစ်ဦးက ဆိုပါတယ်။

အဆိုပါ လမ်းလျှောက်ပွဲကို ရန်ကုန်နိုင်ငံရေးသိပံ္ပကျောင်းသားများမှ ဦးဆောင်ကျင်းပမှာဖြစ်ပြီး “ချစ်ခြင်းနဲ့လှမ်းတဲ့ ခြေလှမ်းတွေ” ဟု  လမ်းလျှောက်ပွဲကို ခေါင်းစဉ်ပေးထားပါတယ်။ ဘာသာပေါင်းစုံမှ လူငယ်များမှ စုပေါင်းလမ်းလျှောက်ကြမည့်အပြင် ဘာသာပေါင်းစုံမှ အကြီးအကဲများရဲ့ ဟောပြောပွဲများနှင့် ဂီတပညာရှင်တို့ရဲ့ ဖျော်ဖြေပွဲများပါ ပါဝင်မှာ ဖြစ်ပါတယ်။

Comments

Leave a Reply