News @ M-Media

လူငယ်များ အစွန်းရောက်စိတ်ဓာတ်မ၀င်ရေး အင်ဒို ကြိုးပမ်း

မေ ၁၃၊ ၂၀၁၆
M-Media

indo

– မလေးရှားမှာ ပညာသင်ကြားနေတဲ့ အင်ဒိုကျောင်းသားတွေကို IS ရဲ့ အစွန်းရောက်အတွေးအခေါ်တွေကနေ ကင်းဝေးစေဖို့အတွက် အင်ဒိုနီးရှားအစိုးရက အပြင်းအထန် ကြိုးစားဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံဆိုင်ရာ အင်ဒိုသံအမတ် ဟာမန် ပရာယစ်နိုက ဒီလိုအတွေးအခေါ်မျိုးကို မထိန်းချုပ်ဘူးဆိုရင် ငယ်ရွယ်တဲ့ ကျောင်းသားတွေကို အလွယ်တကူလွှမ်းမိုးသွားမှာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ လူငယ်မျိုးဆက်တွေ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားတွေကို အဲဒီလို အတွေးအခေါ်တွေ မ၀င်အောင် ကာကွယ်ဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်၊ သူတို့ကလည်း ကိုယ့်လုပ်ရပ်ကို အသေအချာ သတိထားဖို့ လိုပါတယ်။ သူတို့ကို ဘာသာရေးအသိပညာတွေ နားလည်စေဖို့နဲ့ နိုင်ငံချစ်စိတ်ကို သွတ်သွင်းပေးရပါမယ်။ ဒါမှသာ သူတို့ကို ဖျက်စီးပစ်နိုင်မယ့် အတွေးအခေါ်တွေရဲ့ သက်ရောက်မှုကို မခံရမှာဖြစ်တယ်” လို့ အူတာရာတက္ကသိုလ် UUM မှာ ‘အစွန်းရောက်ဝါဒကို ထိန်းချုပ်ရေး နိုင်ငံချစ်စိတ်ကို အားကောင်းအောင်ပြုလုပ်ခြင်း’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ယမန်နေ့မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ဟောပြောပွဲမှာ သံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

မလေးရှားမှာ ပညာသင်ယူနေတဲ့ အင်ဒိုနီးရှား ကျောင်းသားအရေအတွက်ဟာ ၇၀၀၀ ကနေ ၈၀၀၀ အကြား ရှိနေပြီး သူတို့တွေထဲမှာ IS အဖွဲ့နဲ့ ဆက်သွယ်သူတွေ ရှိနေတယ်လို့လည်း သံအမတ်ကြီးက ဆိုပါတယ်။

Ref: IINA

Comments

Leave a Reply