မေ ၁၄၊ ၂၀၁၆
M-Media
– သမ္မတအိုဘားမားကို လုပ်ကြံသတ်ဖြတ်ဖို့ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ ဘဏ္ဍာစိုးဟောင်းက တိုက်တွန်းဆော်သြမှုအတွက် အမေရိကန်ပြည်ထောင်စု လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ စတင် ပြုလုပ်နေတယ်လို့ သိရပါတယ်။
အဲဒီလို ဆော်သြခဲ့သူကတော့ အသက် ၇၄ နှစ်အရွယ် အန်သိုနီ ဆီနီကယ်ဆိုသူဖြစ်ပြီး အိုဘားမားအနေနဲ့ နိုင်ငံတော်သစ္စာဖောက်မှုအတွက် ကြိုးပေးသင့်တယ်ဆိုပြီး ၂၀၁၅ ခုနှစ်က Facebook ပေါ် ရေးသားထားတဲ့ စာသားတစ်ခုနဲ့ပတ်သက်ကာ စုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်။
ဆီနီကယ်ဟာ ထရမ့်ပိုင်တဲ့ Palm Beach စံအိမ်ကြီးမှာ ဘဏ္ဍာထိန်းအဖြစ် ဆယ်စုနှစ်များစွာ အလုပ်လုပ်ခဲ့သူပါ။ သူ့ရဲ့ ပြောကြားမှုအပေါ် ဝေဖန်မှုတွေ ပေါ်ထွက်လာပြီးတဲ့နောက်မှာတော့ အမေရိကန်လျှို့ဝှက်စုံစမ်းရေးအဖွဲ့က ၎င်းတို့အနေနဲ့ ယင်းကိစ္စအပေါ် သတိထားနေမှာဖြစ်ပြီး သင့်တော်တဲ့ စုံစမ်းရှာဖွေမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
၂၀၀၉ ခုနှစ်က ထရမ့်ဘဏ္ဍာစိုးအဖြစ်ကနေ အနားယူခဲ့တဲ့ ဆီနီကယ်ဟာ အိုဘားမားကို သေနတ်နဲ့ပစ်သတ်ဖို့ လှုံ့ဆော်ခဲ့သူလည်း ဖြစ်ပါတယ်။
Ref: Presstv
Leave a Reply
You must be logged in to post a comment.