မေ ၂၅၊ ၂၀၁၆
M-Media
– မန်ယူနည်းပြသစ်အဖြစ် မော်ရင်ဟိုဖြစ်လာပါက ကောင်းမွန်သော လက်တွဲမှု ဖြစ်လိမ့်မည်ဟု ဘိုင်ယန်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။
ဗန်ဂါးလ်အား တနင်္လာနေ့က ထုတ်ပယ်ခဲ့ပြီးနောက် မန်ယူမှာ ပရီးမီးယားလိဂ် ၃ ကြိမ် ရယူထားသည့် မော်ရင်ဟိုအား လာမည့် ရက်အနည်းငယ်အတွင်း ခန့်အပ်တော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ မော်ရင်ဟို အသုံးပြုသည့် ကစားပုံကြောင့် ၎င်းမှာ မန်ယူတွင် အံဝင်ခွင်ကျဖြစ်မည်မဟုတ်ဟု ဝေဖန်မှုများ ရှိနေသော်လည်း အန်ဆယ်လော့တီကမူ မော်ရင်ဟိုအား ထောက်ခံခဲ့သည်။
“မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်အကြောင်းကို ကောင်းကောင်းကြီးသိထားတာကြောင့် မန်ယူနဲ့ သူဟာ ကောင်းမွန်တဲ့ လက်တွဲမှု ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်ပါ။ မန်ယူက လက်ရှိအချိန်မှာ လွန်ခဲ့တဲ့ ၂ နှစ် ဗန်ဂါးလ်လက်ထက် သူတို့လုပ်ခဲ့တာထက် ပိုကောင်းတဲ့အနေအထားမျိုး လိုအပ်နေပါတယ်” ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.