News @ M-Media

ရန်ကုန်ရှိ လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးသည့်နေရာအား ထိရောက်သည့် ပြင်ဆင်မှု မလုပ်သေး

မေ ၂၅၊ ၂၀၁၆
M-Media

yang
ဓာတ်လိုက်သည့်နေရာအား ၂၄ နာရီကြာပြီးနောက် တွေ့ရပုံ

– ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ယမန်နေ့က လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးသွားသည့် နေရာအား ၂၄ နာရီကျော် ကြာသည့်အထိ မည်သည့် အတားအဆီးများ၊ ထိရောက်သည့် ပြင်ဆင်မှုများ မပြုလုပ်သေးဟု သိရသည်။

ဆာကူရာတာဝါ မျက်နှာချင်းဆိုင်တွင်ရှိသည့် အဆိုပါနေရာတွင် ယမန်နေ့ မိုးရွာသွန်းပြီးနောက် ရေ၀ပ်နေသည့်အချိန် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးက ရေအိုင်ငယ်ထဲသို့ ဖြတ်၍ လမ်းလျှောက်ရာတွင် ဓာတ်လိုက်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

ဓာတ်လိုက်ရသည့်အကြောင်းအရင်းမှာ မိုးရွာသွန်းမှုကြောင့် ဓာတ်တိုင်ရှိ ဓာတ်ကြိုးတစ်ခုမှာ ရေအိုင်ထဲသို့ကျကာ လျှပ်စစ်စီးဝင်နေမှုကြောင့်ဖြစ်သည်ဟု သတင်းများက ဖော်ပြကြသည်။ အခင်းဖြစ်ပွားပြီးနောက် လမ်းပေါ်သို့ကျနေသည့် ၀ါယာကြိုးနှင့် သစ်ပင်ငယ်အချို့ကို ဖယ်ရှားခဲ့သော်လည်း ဓာတ်တိုင်တွင် ဓာတ်ကြိုးများမှာ သေသပ်မှုမရှိဘဲ ထပ်မံပြတ်ကျမည့်အန္တရာယ် ရှိနေသည်။

“အန္တရာယ်ရှိတယ်ဆိုတဲ့ ဆိုင်းဘုတ်လေးတောင် မရှိပါဘူး။ အဲဒီနေရာကို နေ့တိုင်း လူတော်တော်များများ ဖြတ်သန်းနေတာပါ။
တော်တော်လေးအန္တရာယ်ရှိပါတယ်လို့ ဒေသခံ ပြည်သူတစ်ဦးက ပြောကြားခဲ့သည်။

yang 2
ယမန်နေ့ အခင်းဖြစ်ပွားပြီးနောက် တွေ့ရပုံ

 

Ref: yangon.coconuts

Comments

Leave a Reply