မေ ၂၇၊ ၂၀၁၆
M-Media
– အစ္စရေးက ပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောက်ဒေသမှာ နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်မလာဖို့အတွက် ဂါဇာပြည်သူတွေရဲ့ ဒုက္ခသည်သုက္ခတွေကို ဖြေရှင်းရေး ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှု ပြုလုပ်ပေးဖို့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကုလသမဂ္ဂ အထူးညှိနှိုင်းရေးမှူး နီကိုလေး မာလ်ဒီနော့ဗ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဒီလို ပြောကြားလိုက်တာဖြစ်ပြီး ဂါဇာပြည်သူတွေဟာ အခြေအနေတွေ တိုးတက်လာခြင်းမရှိတာကြောင့် စိတ်ပျက်မှုတွေ တိုးလာနေကြောင်း၊ ဒါ့ကြောင့် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့ အနေအထားရှိကြောင်း မာလ်ဒီနော့ဗ်က ဆိုပါတယ်။
ပါလက်စတိုင်းပြည်သူ ၂၅၀၀ ကျော် သေဆုံးခဲ့ပြီး၊ အဆောက်အဦးတော်တော်များများ ပျက်ဆီးခဲ့တဲ့၂၀၁၄ ခုနှစ် အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှုအပြီးမှာ ဂါဇာပြည်သူ ၁.၈ သန်းလောက်ဟာ အဲဒီ အခြေအနေဆိုးထဲက ရုန်းထွက်ဖို့ ရုန်းကန်နေရပါတယ်။
ဒါ့ကြောင့် ဂါဇာ ပြန်လည်တည်ဆောက်ရေး၊ ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပံ့ပိုးကူညီဖို့ကိုလည်း မာလ်ဒီနော့ဗ်က နိုင်ငံတကာက အလှူရှင်တွေကို တိုက်တွန်းခဲ့ပါတယ်။
Ref: Presstv


Leave a Reply
You must be logged in to post a comment.