ဇွန် ၈၊ ၂၀၁၆
M-Media
– ဆော်ဒီဘုရင် ဆလ်မန်က အာရပ်နဲ့ အစ္စလာမ့်နိုင်ငံတွေအကြား ညီညွှတ်ရေး ဆော်ဒီရဲ့လိုလားမှုကို ပြန်လည်ဖွင့်ဟ ပြောဆိုခဲ့ပြီး ဒီရည်မှန်းချက်အောင်မြင်ရေး စိတ်ပိုင်းဖြတ်ထားတယ်လို့ ဆိုပါတယ်။
ရမ်ဇာန်ဥပုသ်လ ၀င်ရောက်ခြင်း အထိမ်းအမှတ်အဖြစ် ဘုရင်ကြီးရဲ့ သ၀ဏ်လွှာမှာ ဒီလိုဖော်ပြထားတာဖြစ်ပြီး အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့လည်း ဆော်သြ တိုက်တွန်းထားပါတယ်။
“အစ္စလာမ်ဆိုတာ အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒတွေကို ငြင်းပယ်ပြီး၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုကို လိုလားကာ ဂရုဏာ၊ မုဒိတာ၊ ချစ်ခြင်းမေတ္တာတို့နဲ့ လွှမ်းခြုံထားတဲ့ အလယ်အလတ်ကျတဲ့ လမ်းစဉ် ဖြစ်ပါတယ်။ မြင့်မြတ်တဲ့ ဒီလဟာ အစ္စလာမ့်နိုင်ငံတွေနဲ့ ကမ္ဘာတစ်ဝှမ်းက ဒုက္ခသုက္ခတွေကို အမြစ်ဖြတ်ဖို့နဲ့ လုံးဝ ပျောက်ကွယ်သွားဖို့ အကူအညီ ဖြစ်စေပါလိမ့်မယ်”
“လွဲမှားပြီး ရန်လိုတဲ့ လှုံ့ဆော်မှုတွေ ရှိနေပေမယ့် အကြမ်းဖက်ဝါဒဆိုတာ အမှန်နဲ့အမှားကို မဝေခွဲနိုင်ဘဲ သဘာဝတရားကို ဖောက်ပြန်သွေဖည်တဲ့လမ်းစဉ်ဖြစ်ပြီး ကတိသစ္စာနဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ အရာပဲ ဖြစ်ပါတယ်။ ဒါဟာ နယ်မြေတွေ ဖြတ်ကျော်လာပြီး လူတွေရဲ့ ဆက်ဆံရေးကြားထဲ ထိုးဖောက်ကာ ချစ်ခြင်းမေတ္တာနဲ့ ခန္တီတရားတို့ကို ဖျက်ဆီးပစ်သလို ဖခင်နဲ့သားတွေကြား၊ မိသားစုတွေကြား၊ အုပ်စုတွေကြား အကွဲကွဲအပြားပြားကို ဖြစ်စေခဲ့ပါတယ်” လို့ အဲဒီ သ၀ဏ်လွှာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
ဒီသ၀ဏ်လွှာကို ဆော်ဒီ ယဉ်ကျေးမှုနဲ့ ပြန်ကြားရေးန်ကြီး အဒဲလ် အလ်-တူရိုင်ဖီက ဖတ်ကြားခဲ့တာ ဖြစ်ပါတယ်။
Ref: IINA
Leave a Reply
You must be logged in to post a comment.