ဇွန် ၂၀၊ ၂၀၁၆
M-Media
– ဂျူဗင်တပ်စ်အသင်းတွင် ခြေစွမ်းပြနေသည့် ပြင်သစ်တိုက်စစ်မှူး ပေါ့ဘာအား ခေါ်ယူရန်အတွက် ရီးယဲလ်မက်ဒရစ်အသင်းမှာ ဆွေးနွေးမှုများကို စတင်ပြုလုပ်နေပြီဟု ၎င်း၏ အေးဂျင့်ဖြစ်သူ မီနို ရိုင်အိုလာက အတည်ပြု ပြောကြားလိုက်သည်။
အသက် ၂၃ နှစ်အရွယ်ရှိ ပေါ့ဘာကို ဘာစီလိုနာ၊ ချယ်ဆီးနှင့် မန်စီးတီးတို့ကလည်း စိတ်ဝင်စားနေပြီး ရိုင်အိုလာကမူ ပေါ့ဘာာမှာ ဇီဒိန်းအား လေးစားအားကျမှုရှိနေပြီး ရီးယဲလ်သို့ ပြောင်းရွှေ့ပါက အရေးပါသည့်နေရာမှ ကစားရမည်ဟု ခံစားနေရကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ ပထမအဆင့် ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ ပေါလ်(ပေါ့ဘာ) က ရီးယဲလ်နဲ့ ဇီဒိန်းတို့ကို လေးစားအားကျနေပြီး ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်မှာ အရေးပါတဲ့အရာတွေ ဖြစ်လာမှာပါ။ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ လား၊ သန်း ၁၄၀ လားဆိုရင်တော့ ပေါ့ဘာဟာ ဘယ်လောက်ပဲဈေးကြီးကြီး ထိုက်တန်တဲ့သူတစ်ဦးပါ” ဟု ရိုင်အိုလာက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.