News @ M-Media

ယူရိုပြိုင်ပွဲတွင် နောက်ထပ် အံ့အားသင့်စရာ ဖြစ်မည်မဟုတ်ဟု ရော်နယ်ဒိုပြော

ဇွန် ၂၄၊ ၂၀၁၆
M-Media

portugal

– ယူရို ၂၀၁၆ ရှုံးထွက်အဆင့်တွင် မိမိတို့အသင်းအတွက် အံ့အားသင့်စရာအခြေအနေမျိုး ကြုံတွေ့ရတော့မည်မဟုတ်ဟု ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။

ပေါ်တူဂီမှာ အုပ်စုအဆင့်ပွဲစဉ်များတွင် ရုန်းကန်ခဲ့ရပြီး ၃ ပွဲကစား ၃ မှတ်ဖြင့် အိုက်စလန်၊ ဟန်ဂေရီတို့အောက် အုပ်စုတတိယရကာ အကောင်းဆုံးဒုတိယ ၄ သင်းထဲမှ တစ်သင်းအဖြစ် ကံကောင်းထောက်မ၍ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း နောက်တစ်ဆင့်တွင်မူ ထိုအခြေအနေမျိုး ဖြစ်မည်မဟုတ်တော့ဟု ရော်နယ်ဒိုက ဆိုသည်။

“ဒီပြိုင်ပွဲမှာ နောက်ထပ် အံ့အားသင့်စရာအခြေအနေမျိုး ထပ်ဖြစ်မယ်လို့ ကျွန်တော် မထင်ပါဘူး။ အုပ်စုအဆင့်မှာ အံ့သြစရာတွေ တွေ့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အသင်းကြီးတွေကသာ အမြဲတမ်း ဖိုင်နယ်ရောက်တာပါ” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

ပေါ်တူဂီမှာ ၁၆ သင်းအဆင့်တွင် ခရိုအေးရှားနှင့် တွေ့ရမည်ဖြစ်ပြီး ရော်နယ်ဒိုကမူ မိမိတို့တွင် အခွင့်အရေး ၅၀-၅၀ ရှိနေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ တော်တော်လေးကောင်းတဲ့အသင်းနဲ့ တွေ့နေရတာဖြစ်ပြီး အခြေအနေကတော့ ၅၀-၅၀ ပါပဲ။ သူတို့ရဲ့နောက်ဆုံး စပိန်နဲ့ပွဲက ကစားပုံအတိုလေးတွေကို ကျွန်တော်တို့ ကြည့်ခဲ့ပါတယ်။ သူတို့ဟာ ခက်ခဲမယ့်အသင်းတစ်သင်းပါ”

Ref: Goal

Comments

Leave a Reply