News @ M-Media

ဆော်ဒီတွင် မွတ်စလင်မဟုတ်သည့် အဖွဲ့တစ်ခုက အစ်ဖ်သာရ်ဝါဖြေပွဲများ လှူဒါန်း

ဇွန် ၂၇၊ ၂၀၁၆
M-Media

iftar 0

– အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ်ဇာန်ဥပုသ်လအတွင်း ဆော်ဒီက မွတ်စလင်မဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုဟာ ဗလီဝတ်ကျောင်းတော်မှာသွားရောက်ပြီး မွတ်စလင်တွေအတွက် အစ်ဖ်သာရ်ဝါဖြေပွဲ စီစဉ်ပေးတဲ့ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆော်ဒီမှာ အကြံပေးနဲ့ အတိုင်ပင်ခံများအဖြစ် အလုပ်အလုပ်နေကြတဲ့ နိုင်ငံခြားသားအုပ်စုတစ်ခုက ရီယာဒ့်မြို့မှာရှိတဲ့ န၀ဖ် ဘင် ဖိုင်ဆယ် ဘင် ဖါဟဒ် ဗလီကို ပြီးခဲ့တဲ့တစ်ပတ်က သွားရောက်ကာ စီစဉ်ပေးခဲ့တာဖြစ်ပြီး မွတ်စလင်ညီနောင်တွေနဲ့အတူ စုပေါင်း ၀ါဖြေခဲ့ကြပါတယ်။

ဗလီဝတ်ကျောင်းတော်ရဲ့ ရှေ့ဆောင်အီမာမ်ဖြစ်သူ ၀ါလစ် ဘင် အီဘရာဟင် အလ်-အာဂျာဂျီက မွတ်စလင်မဟုတ်သူတွေရဲ့ ဒီလို လှူဒါန်းမှုအတွက် ကျေဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒီ နိုင်ငံခြားသားတွေဟာ အီမာမ်ကြီးနဲ့ အခြားသူတွေကို အစ္စလာမ်သာသနာအကြောင်း၊ မွတ်စလင်နဲ့ မွတ်စလင်မဟုတ်သူတွေအကြား အပြုသဘောဆောင်တဲ့ အတူယှဉ်တွဲနေထိုင်မှုတွေအကြောင်း စတာတွေကိုလည်း မေးမြန်းခဲ့ကြပါတယ်။

ဆော်ဒီအာရေဗျမှာ ရမ်ဇာန်ဥပုသ်လအတွင်း အစ်ဖ်သာရ်ဝါဖြေပွဲ အခမဲ့ဝေငှတာ အပါအ၀င် လူမျိုးဘာသာမရွေး အကျိုးဖြစ်ထွန်းစေနိုင်တဲ့ ပရဟိတလုပ်ငန်းအများအပြားကို ပြုလုပ်လေ့ရှိကြပါတယ်။

Ref: IINA

Comments

Leave a Reply