ဇွန် ၂၈၊ ၂၀၁၆
M-Media
– ဂျာမနီ နာမည်ကြီးလေကြောင်းလိုင်းတစ်ခုဖြစ်သော Lufthansa မှာ လာမည့် အောက်တိုဘာလမှစတင်ကာ ဂြိုဟ်တုစနစ်အသုံးပြု၍ ခရီးတိုပျံသန်းမှုများတွင် wi-fi ၀န်ဆောင်မှုပေးသွားမည်ဟု သိရသည်။
ယမန်နေ့က ထိုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး ခရီးသည်များက လေပေါ်တွင် အင်တာနက်ဝန်ဆောင်မှုရရန် တောင်းဆိုမှု မြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ Lufthansa မှာ အဆိုပါ ၀ိုင်ဖိုင်ဝန်ဆောင်မှုကို Inmarsat နှင့်၏ Global Xpress တို့နှင့်ပူးပေါင်းကာ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
Lufthansa လေကြောင်းလိုင်းကမူ ၎င်းတို့မှာ A320 လေယာဉ်အုပ်များတွင် အဆိုပါ ၀ိုင်ဖိုင်ဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ် နှစ်အလယ်တွင် ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ထိုနောက်ပိုင်းတွင် လေကြောင်းလိုင်းအတွင်းရှိ လေယာဉ်များအားလုံး ရရှိအောင် ဆောင်ရွက်မည်ဟု ဆိုသည်။
အဆိုပါလေကြောင်းလိုင်းမှာ လက်ရှိတွင် အချို့ ခရီးရှည်များ၌ Broadband ၀န်ဆောင်မှု ပေးထားသည်။ ယခုနောက်ပိုင်းတွင် လေကြောင်းခရီးစဉ်များ၌ အင်တာနက်ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် လေကြောင်းလိုင်းများက အပြိုင်အဆိုင် ကြိုစားလာကြသည်။
Ref: Channelnewsasia
Leave a Reply
You must be logged in to post a comment.