News @ M-Media

ဥရောပသမဂ္ဂမှ အခြားနိုင်ငံများ မထွက်ရေး လုပ်ဆောင်ရန် လိုအပ်ဟု ဂျာမနီအဓိပတိပြော

ဇွန် ၂၈၊ ၂၀၁၆
M-Media

markel

– ဗြိတိန်လိုမျိုး အခြား ဥရောပနိုင်ငံတွေ ဥရောပသမဂ္ဂ (EU) ကနေ ထွက်မသွားရေးအတွက် ထိထိရောက်ရောက်ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ဂျာမနီအဓိပတိ အိန်ဂျလာမာကဲလ်က ပြောကြားလိုက်ပါတယ်။

ယမန်နေ့မှာ ပြလုပ်ခဲ့တဲ့ကွန်ဆာဗေးတစ်ပါတီရဲ့ ဘုတ်အဖွဲ့အစည်းအဝေးမှာ ပါတီဝင်တစ်ဦးဖြစ်တဲ့ မာကဲလ်က ဒီလိုပြောကြားလိုက်တာပါ။

အီးယူကနေ ဗြိတိန်ထွက်ခွာသွားတာကြောင့် ဈေးကွက်မတည်မငြိမ်ဖြစ်မှုကိုလည်း မာကဲလ်က ထောက်ပြခဲ့ပြီး ဒီလိုထွက်ခွာသွားမှုက ဥရောပသမဂ္ဂဟာ အုပ်ချုပ်စီမံနိုင်စွမ်းမရှိတဲ့ အဖွဲ့တစ်ခုဖြစ်သွားလားဆိုတဲ့ စိုးရိမ်မှုတွေ နိုင်ငံတကာ ဘဏ္ဍာရေးဈေးကွက်အတွင်း ဖြစ်လာတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

နောက်ပြီး အခုအချိန်ဟာ အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရမယ့်အချိန် မဟုတ်ဘဲ နယ်စပ်လုံခြုံရေး၊ နိုင်ငံတကာလုံခြုံရေးနဲ့ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုအပါအ၀င် ဥရောသမဂ္ဂက ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အချိန်သာဖြစ်တယ်လို့လည်း အဓိပတိက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Ref : RT

Comments

Leave a Reply