ဇွန် ၂၉၊ ၂၀၁၆
M-Media
– ပါလက်စတိုင်းပိုင်နက်တွေကို နှစ်ပေါင်း ၅၀ လောက် ကျူးကျော်သိမ်းပိုက်လာတာဟာ အစ္စရေးတွေအတွက် လုံခြုံဘေးကင်းမှုကို မဆောင်ကျဉ်းနိုင်ဘဲ နှစ်နိုင်ငံအဖြေကသာလျှင် အစ္စရေးနဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ ကုသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်က ပြောကြားလိုက်ပါတယ်။
တနင်္လာနေ့က ဂျေရုစလင်မှာ အစ္စရေးသမ္မတ ရူဗင် ရစ်ဗ်လင်နဲ့ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီလို ပြောကြားလိုက်တာပါ။ နောက်ပြီး အကြမ်းဖက်တိုက်ခိုက်မှုဟာ အဖြေမဟုတ်တာကြောင့် ဓားနဲ့တိုက်ခိုက်တာ၊ သေနတ်နဲ့ပစ်တာနဲ့ ဗုံးကြဲတာမျိုးတွေဟာ ဘာအောင်မြင်မှုမှ ရမှာမဟုတ်ဘူးလို့လည်း ဘန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“မျှမျှတတနဲ့ ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင် နှစ်ပေါင်း ၅၀ နီးပါး ကြာညောင်းခဲ့တဲ့ ပါလက်စတိုင်းပိုင်နက်ကို သိမ်းပိုက်မှုဟာ ပါလက်စတိုင်းပြည်သူတွေရဲ့ ဘ၀တွေကို တစ်စထက်တစ်စ ပျက်ဆီးစေပြီး၊ ဒီပဋိပက္ခနဲ့ပတ်သက်လို့ ငြိမ်းချမ်းတဲ့ အဖြေတစ်ခု ထွက်မယ်ဆိုတဲ့ ယုံကြည်ချက်ကိုလည်း ပျက်သုဉ်းစေပါတယ်”
အဆက်မပြတ်ဖြစ်နေတဲ့ ပဋိပက္ခတွေကိုတားဆီးပြီး ပြည်သူနှစ်ရပ်လုံး အောင်မြင်မှုရရှိဖို့အတွက် နှစ်နိုင်ငံအဖြေကသာ တစ်ခုတည်းသော အလားအလာရှိတဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်လို့လည်း ဘန်ကီမွန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
Ref : IINA
Leave a Reply
You must be logged in to post a comment.