ဇွန် ၂၉၊ ၂၀၁၆
M-Media
– အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အခြေစိုက် ခလီဖာ ဘင် ဇာယဒ် အလ်-နဟ်ယန် ဖာင်ဒေးရှင်း (KF) က ဂါဇာကမ်းမြှောင်ရှိ ပါလက်စတိုင်းပြည်သူတွေအတွက် အစားအသောက်ထောက်ပံ့ပေးတဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ စတင်ခဲ့တယ်လို့ သိရပါတယ်။
ဖောင်ဒေးရှင်းတာဝန်ရှိသူတစ်ဦးကတော့ ယင်းအစီအစဉ်ကို ခန်ယူနစ်စ်မြို့မှာ စတင်ခဲ့ပြီး လာမည့်ရက်ပိုင်းအတွင်း ဂါဇာကမ်းမြှောင်က ဒေသအားလုံးမှာ ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ယခုအစီအစဉ်ကနေ ဂါဇာမှာရှိနေတဲ့ မိသားစု ၁၅၀၀၀ လောက် အကျိုးဖြစ်ထွန်းစေမှာဖြစ်ပြီး ပါလက်စတိုင်းက လူ့စွမ်းအားအရင်းအမြစ်အဖွဲ့တစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဒီလှုပ်ရှားမှုဟာ မိမိတို့ အဖွဲ့အစည်းဖက်နဲ့ ပါလက်စတိုင်းပြည်သူတွေဖက်မှာပါ အောင်မြင်မှု ရရှိခဲ့တယ်လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အလှူလက်ခံရရှိသူများကတော့ ယူအေအီးရဲ့ လူသားချင်းစာနာမှုအပေါ် ချီးမွမ်းခဲ့ပြီး ယူအေအီး ပြည်သူတွေရဲ့ထောက်ပံ့မှု နဲ့ ပါလက်စတိုင်းပြည်သူအတွေအတွက် အကျိုးဖြစ်ထွန်းစေတဲ့ ဦးဆောင်မှုဖြစ်တယ်လို့ ဆိုပါတယ်။
Ref : IINA


Leave a Reply
You must be logged in to post a comment.