ဇူလိုင် ၁၊ ၂၀၁၆
M-Media
– လက်ရှိအီတလီအသင်းမှာ ပြီးခဲ့သည့် ယူရိုပြိုင်ပွဲတွင် မိမိတို့ကို ဖြုတ်ချခဲ့သည့်အသင်းထက် ပို၍ တောင့်တင်းပြီး သတိထားရလိမ့်မည်ဟု ဂျာမနီတိုက်စစ်မှူးဟောင်း ကလိုဆေးက ပြောကြားလိုက်သည်။
ယူရို ၂၀၁၂ ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် အီတလီမှာ ဂျာမနီအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ဂျာမနီနှင့် အီတလီတို့မှာ ယူရို ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် မနက်ဖြန်ညတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး လွန်ခဲ့သည့် ၄ နှစ် အီတလီနှင့်ပွဲတွင် လူစားဝင်ကစားခွင့်ရခဲ့သည့် ကလိုဆေးကမူ လျှော့မတွက်ရန် သတိပေးခဲ့သည်။
“အီတလီဟာ ၂၀၁၂ ခုနှစ်ကထက် ပိုပြီး တောင့်တင်းပါတယ်။ ပြီးတော့ သူတို့အသင်းရဲ့ စိတ်ဓာတ်က မယုံကြည်နိုင်လောက်စရာပါပဲ။ သူတို့ရဲ့ တစ်ဖြည်းဖြည်းတင်ကစားမှုဟာ တော်တော်လေး ကောင်းမွန်ပါတယ်။ လက်ရှိမှာ အီတလီအသင်း ဘယ်လိုအနေအထားရှိနေလဲ၊ နောက်ထပ် ဘာတွေလုပ်ပြအုံးမလဲဆိုတာ လူတိုင်းက သိနေကြပါတယ်။ အရာအားလုံးက ကြိုတင် အစီအစဉ်ချထားပြီးသားပါ” ဟု ကလိုဆေးက ပြောကြားခဲ့ပြီး အီတလီအား အလွတ်မပေးရန်လည်း တိုက်တွန်းခဲ့သည်။
Ref : Goal


Leave a Reply
You must be logged in to post a comment.