ဇူလိုင် ၁၊ ၂၀၁၆
M-Media
– လေအိတ်တွေနဲ့ ကာဘွန်ထုတ်လွှတ်မှု ထိန်းချုပ်ရေး အပိုင်းတွေမှာ ချို့ယွင်းမှုတွေရှိနိုင်တဲ့ ကားအစီးရေ ၃.၃၇ သန်းကို ပြန်လည်သိမ်းယူသွားမယ်လို့ ဂျပန် နာမည်ကြီး ကားထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ တိုယိုတာက ဗုဒ္ဓဟူးနေ့မှာ ကြေငြာလိုက်ပါတယ်။
ပြန်သိမ်းမယ့်အထဲမှာ ၂၀၁၀ မှ ၂၀၁၂ ခုနှစ်ကြား ထုတ်လုပ်ခဲ့တဲ့ Prius မော်ဒယ်နဲ့ Lexus CT200h မော်ဒယ် တွေပါဝင်ပြီး လေအိတ်အခန်းများအဖြစ် ကန့်ထားတဲ့နေရာမှာ ဂဟေဆက်ကြောင်းတစ်ခုကနေ အက်ကွဲကြောင်း ဖြစ်ပေါ်နိုင်တာကြောင့် ဖြစ်ပါတယ်။
ဒါ့အပြင် ကာဗွန်ထုတ်လွှတ်မှုထိန်းချုပ်ရေးပိုင်းမှာ ချို့ယွင်းချက်ရှိနိုင်တဲ့ ကားစီးရေ ၂.၈၇ သန်း ကို ပြန်လည်အပ်နှံဖို့ ပြောကြားခဲ့ပါတယ်။ အင်္ဂါနေ့ကလည်း လေအိတ်နဲ့ပတ်သကတဲ့ ပြဿနာတစ်ခုတွက် ကားအစီးရေ ၁.၄၃ သန်းကို ပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ ကုမ္ပဏီက ကြေငြာခဲ့ပါတယ်။
ဓာတ်ဆီ-လျှပ်စစ် နှစ်မျိုးစပ်သုံး Prius မော်ဒယ် ကားအချို့မှာ ဖော်ပြပါ ချို့ယွင်းချက်နှစ်ခုလုံး ဖြစ်ပေါ်နိုင်တဲ့အလားအလာတွေရှိပြီး ပြန်လည်အပ်နှံဖို့ တောင်းဆိုထားတဲ့ ကားစီးရေ စုစုပေါင်း ၃.၃၇ သန်းအထိ ရှိပါတယ်။ ဒီချို့ယွင်းမှုတွေနဲ့ပက်သက်ပြီး လက်ရှိအချိန်အထိ ထိခိုက်မှုသတင်းတွေတော့ မကြားရသေးပါဘူး။
Ref: IINA


Leave a Reply
You must be logged in to post a comment.