ဇူလိုင် ၁၅၊ ၂၀၁၆
M-Media
– အခွန်ရှောင်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် တိုက်စစ်မှူး မက်ဆီအတွက် ဘာစီလိုနာအသင်းက ပြုလုပ်နေသည့် ဆိုရှယ်မီဒီယာ လှုပ်ရှားမှုကို စပိန် တရားရေးဝန်ကြီး ရာဖေးလ် ကာတာလာက ဝေဖန်ပြောကြားလိုက်သည်။
မက်ဆီမှာ အခွန်ရှောင်မှုကြောင့် ဆိုင်းငံ့ထောင်ဒဏ် ၂၁ လနှင့် ဒဏ်ငွေ ယူရို သန်းချီ ချမှတ်ခံထားရပြီး ဝေဖန်မှုများ ခံနေရချိန်တွင် ဘာစီလိုနာအသင်းက #WeAreAllLionelMessi ဟူသည့် ခေါင်းစဉ်ဖြင့် မက်ဆီအား ထောက်ခံရေး ဆိုရှယ်မီဒီယာလှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်သည်။
ထိုလှုပ်ရှားမှုအတွက် ဘာစီလိုနာအသင်းမှာ ဝေဖန်ခံနေရပြီး စပိန်တရားရေးဝန်ကြီးကလည်း ထိုအထဲတွင် ပါဝင်လာကာ အသင်းအနေဖြင့် ကစားသမားတစ်ဦးအား စာနာဖေးမရမည် ဖြစ်သော်လည်း ဘာကာ၏ လုပ်ရပ်မှာ တရားရုံးက သတ်မှတ်ထားသည့် မက်ဆီ၏ ဥပဒေချိုးဖောက်မှုကို မှေးမှိန်အောင် ပြုလုပ်နေသကဲ့သို့ဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်က မက်ဆီလည်းမဟုတ်ပါဘူး။ အခွန်လည်းမရှောင်ခဲ့ပါဘူး။ ဒါ့ကြောင့် ဘယ်သူ့အတွက် ဘာမှ မခံစားပေးပါဘူး။ ဘာစီလိုနာရဲ့လုပ်ရပ်ကို ကာ့တ်လန်နယ်သားတွေ၊ ဘာစီလိုနာပရိတ်သတ်တော်တော်များများကလည်း နှစ်သက်ကြမယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု ကာတာလာက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.