ဇူလိုင် ၂၀၊ ၂၀၁၆
M-Media
– ရီးယဲလ်၊ ပေါ်တူဂီတို့နှင့် ရရှိခဲ့သည့် အောင်မြင်မှုများကြောင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ယခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Bllon d’Or နှင့် ထိုက်တန်သည်ဟု ယုံကြည်ကြောင်း ချယ်ဆီးတိုက်စစ်မှူးဟောင်း ဒီဒီယာ ဒရော့ဘာက ပြောကြားလိုက်သည်။
အသက် ၃၁ နှစ်အရွယ် ရှိပြီဖြစ်သည့် ရော်နယ်ဒိုမှာ ရီးယဲလ်နှင့်အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ယူရို ၂၀၁၆ ပြိုင်ပွဲတွင်လည်း အကောင်းဆုံးခြေစွမ်းပြကာ ပေါ်တူဂီနှင့် ချန်ပီယံဘွဲ့ကို ရရှိခဲ့သည်။ ထိုအောင်မြင်မှုများကြောင့် ရော်နယ်ဒိုမှာ ဘာစီလိုနာမှ မက်ဆီနှင့် နေးမာတို့ကို ကျော်၍ ယခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိမည်ဟု ရေပန်းစားနေသည်။
အမေရိကန်မေဂျာလိဂ်တွင် ကစားနေသည့် ဒရောဘာကလည်း ရော်နယ်ဒိုကိုသာ တစ်ပေးခဲ့သည်။
“၂၀၀၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကျွန်တော်ဟာ ရော်နယ်ဒိုနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ချယ်ဆီးကိုနိုင်ပြီး မန်ယူနဲ့ အတူ သူ ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပါတယ်။ သူဟာ စစ်မှန်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ရီးယဲလ်နဲ့ ပေါ်တူဂီတို့မှာ သူ့ရဲ့ ပေးဆပ်မှုအတွက် Ballon d’Or ဆုနဲ့ ထိုက်တန်ပါတယ်။ အဲဒီအသင်းတွေ ဒီလိုအောင်မြင်မှုမှာ သူဟာ ကြီးမားတဲ့ အကြောင်းတရား ဖြစ်ပါတယ်” ဟု ဒရော့ဘာက ပြောကြားခဲ့သည်။
Ref : Goal


Leave a Reply
You must be logged in to post a comment.