
ဇူလိုင် ၂၀ ၊ ၂၀၁၆
M-Media
သတင်း-သူရိန်
တို့ဗမာ အစည်းအရုံးဝင် နှင့် ဟံသာဝတီခေတ် သတင်းစာရဲ့ သတင်းထောက်ဟောင်း သခင်မင်းညို(ခ) ဦးကျော်အေး (ခ) မုဟမ္မဒ်မူဆာ အသက် ၁၀၂နှစ် ဟာ ကျန်းမာရေး အခြေအနေဆိုးရွားလာသဖြင့် ဆေးရုံတင်ထားရကြောင်း သိရပါတယ်။
သခင်မင်းညို၏ သားဖြစ်သူ ဦးငြိမ်းချမ်း က ” အသက်ကြီးတော့ ဆရာဝန်ပြောတာတော့ သွေးကြောကျဉ်းတယ်ပေါ့။ အစာနဲ့ပဲ ကုသတယ်။ ခွဲစိတ် ကုသလို့မရတော့ အစာနဲ့ပဲ ထိန်းထားပါလို့ ဖြောင့်ဖြပြောဆိုတယ်ပေါ့။ ၂နှစ်၃နှစ် လောက်တော့ ရှိပြီဗျ။ ထမင်း မနက်ဆိုရင် အခါးပန်းကန် ၁လုံးလောက်ပဲစားတယ်။ ညစာလုံးဝမစားဘူး။ လုံးဝကိုမစားတာ။ ensure ကို ဇွန်း၃ဇွန်းစာလောက် ဖျော်ပြီး တိုက်တယ်။ အသိကတော့ လုံးဝရှိတယ်”ဟု ပြောပါတယ်။
သခင်မင်းညို (ဗန်းမော်) မှာ ၁၉၃၆ ခုနှစ် အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့သည့် ကချင်ပြည်နယ် ဗန်းမော်မြို့ တို့ဗမာ အစည်းအရုံးစီရင်စု အဖွဲ့တွင် ပါဝင်ခဲ့သည့် အဖွဲ့ဝင် ၉ ဦးအနက် အသက်အငယ်ဆုံး အဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့သူ တစ်ဦးဖြစ်ကြောင်းသိရပါတယ်။
Leave a Reply
You must be logged in to post a comment.