ဇူလိုင် ၂၂၊ ၂၀၁၆
M-Media
– တိုက်စစ်မှူးသစ် အီဗရာဟီမိုဗစ်မှာ အကောင်းဆုံးအနေအထား ရှိနေပြီး မန်ယူအသင်း၌ အောင်မြင်မည်ဟု နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
မော်ရင်ဟိုရောက်လာပြီးနောက်ပိုင်း အီဗရာဟီမိုဗစ်မှာ ပီအက်စ်ဂျီအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် မန်ယူသို့ ရောက်ရှိလာခြင်းဖြစ်သည်။ အသက် ၃၄ နှစ်အရွယ် ရှိပြီဖြစ်သည့် မိုဗစ်မှာ ဟော်လန်အဆင့်မြင့်တန်း (Eredivisie)၊ စီးရီးအေနှင့် ပြင်သစ်လီဂူးတို့တွင် အောင်မြင်ခဲ့သူ ဖြစ်သည်။
မော်ရင်ဟိုကမူ မိုဗစ်မှာ တက်ကြွမှုရှိပြီး စိန်ခေါ်မှုသစ်များကို ရင်ဆိုင်ရန် အကောင်းဆုံးအနေအထား ရှိနေသည်ဟု ဆိုသည်။
“ရိုးရိုးသားသားပြောရရင် အီဗရာဟီမိုဗစ်ဟာ ပြောစရာမရှိတဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ ကစားသမားဘ၀ တစ်လျှောက်လုံး ငွေဝင်လမ်းဖြောင့်ခဲ့တယ်။ ဆုတံဆိပ်တော်တော်များများကိုလည်း ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် လုပ်နိုင်တယ်လို့ ထင်လို့သာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးလိဂ်ကို သူ ရောက်လာတာပေါ့ဗျာ။ မလုပ်နိုင်ဘူးလို့ထင်ရင် သူ အမေရိက၊ တရုတ်ကို သွားမယ်၊ ဒါမှမဟုတ်ရင် ပြင်သစ်လီဂူးမှာပဲ နောက်တစ်ရာသီ ဆက်နေမှာပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
Ref : Goal
Leave a Reply
You must be logged in to post a comment.