News @ M-Media

ဝေဖန်ခံနေရသည့် နီပေါဝန်ကြီးချုပ် ရာထူးမှ နှုတ်ထွက်

ဇူလိုင် ၂၄၊ ၂၀၁၆
M-Media

nepal

– နီပေါဝန်ကြီးချုပ် ကဒ်ဂါ ပရာဆဒ် အိုလီမှာ ပါလီမန်က အယုံအကြည်မရှိအဆို တင်သွင်းရန် နာရီပိုင်းအလို ယနေ့တွင် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်ဟု သိရသည်။

အသက် ၆၄ နှစ်အရွယ်ရှိ အိုလီမှာ ၎င်းကတိပေးထားသည့် အာဏာခွဲဝေမှုကိစ္စကို မလေးမစားပြုမှုသည်ဟု စွပ်စွဲခံခဲ့ရပြီးနောက် ၎င်း၏ မဟာမိတ်များက အစိုးရအဖွဲ့မှ နှုတ်ထွက်သွားခဲ့သောကြာင့် ရာထူးမှ ယခုကဲ့သို့ ဆင်းပေးခဲ့ရခြင်းဖြစ်သည်။

“ပါလီမန်ကိုမသွားခင် ကျွန်တော်သမ္မတနဲ့တွေ့တဲ့အချိန်မှာ နှုတ်ထွက်စာ တင်ခဲ့ပါတယ်” ဟု အိုလီက ပါလီမန်တွင် ပြောကြားသည့် မိန့်ခွန်းကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

အိုလီမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလက အာဏာရခဲ့သော်လည်း နိုင်ငံအတွင်း ဆန္ဒပြမှုများကို ကိုင်တွယ်ရာတွင် ဆိုးဆိုးဝါးဝါး ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အခြေခံဥပဒေနှင်ပတ်သက်၍ မကျေနပ်သော ပြည်သူများက ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ကာ လူ ၅၀ ကျော် သေဆုံးခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply