News @ M-Media

အမေရိကန်ဒုံးခွင်းစနစ် ထားရှိမည့်အစီအစဉ် တောင်ကိုရီးယား ပြည်သူများ ကန့်ကွက်

သြဂုတ် ၂၊ ၂၀၁၆
M-Media

south

– အမေရိကန်ရဲ့ THAAD ဒုံးခွင်းစနစ်ချထားမယ့်အစီအစဉ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို တောင်ကိုရီးယားပြည်သူတွေက နိုင်ငံတစ်ဝှမ်းမှာ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အဲဒီဒုံးခွင်းစနစ်ကို ဆွန်းဂျူးဒေသမှာ ထားရှိသွားမှာဖြစ်ပြီး သေခံတွေကတော့ တနင်္ဂနွေနေ့မှာ အစိုးရအဆောက်အအုံအရှေ့မှာ စုရုံး ဆန္ဒပြခဲ့ကြပါတယ်။ အစိုးရက အဲဒီနေရာကို ရွေးချယ်ခဲ့ပြီးနောက်ပိုင်း ဇူလိုင်လ ၁၃ ရက်နေ့ကတည်းက စတင်ကာ ဒေသခံပြည်သူတွေက ဆန္ဒပြခဲ့ကြတာပါ။

ဒီလိုချထားတာဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တုန့်ပြန်သွားဖို့ဖြစ်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြောကြားထားပြီး၊ တနင်္ဂနွေနေ့ ဆန္ဒပြမှုမှာတော့ ပြည်သူတွေက “THAAD ချထားရေးအပေါ် အသေခံကာကွယ်သွားမည်” စတဲ့ ဆိုင်းဘုတ်တွေကိုတောင် ကိုင်ဆောင်ခဲ့ကြပါတယ်။

တောင်ကိုရီးယားပြည်သူတွေဟာ ဒုံးခွင်းစနစ်ကြောင့် ပတ်းဝန်းကျင်အပေါ် သက်ရောက်နိုင်တဲ့ဆိုးကျိုး၊ ကျန်းမာရေးဆိုးကျိုးတွေ ရှိလာမှာကို စိုးရိမ်နေကြပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အာရုံစူးစိုက်မှုကို ရရှိစေဖို့ လက်မှတ်ရေးထိုးကန့်ကွက်တဲ့ လှုပ်ရှားမှုကိုလည်း ဆောင်ရွက်နေပါတယ်။

“အမေရိကန်ဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ အကျိုးစီးပွားကို လစ်လျူရှုပြီး THAAD စနစ်ကို ဒီမှာထားဖို့ ပြောနေတာပါ။ သူတို့ဟာ ကျွန်တော်တို့တိုင်းပြည်ကို နောက်ကျော ဓားနဲ့ထိုးလိုက်တာပါပဲ” လို့ ဆန္ဒပြွဲမှာ ပါဝင်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Ref : Presstv

Comments

Leave a Reply