သြဂုတ် ၂၊ ၂၀၁၆
M-Media
– လစ်ဗျားနိုင်ငံအတွင်း ရှိနေသည့် IS ပစ်မှတ်များကို အမေရိကန်လေတပ်က ယမန်နေ့တွင်တိုက်ခိုက်ခဲ့သည်ဟု လစ်ဗျားအစိုးရက ပြောကြားလိုက်ပြီး ထိုတိုက်ခိုက်မှုမှာ လစ်ဗျားတွင် အမေရိကန်၏ ပထမဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။
ဆာရ်တီမြို့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပင်တဂွန်ကမူ နိုင်ငံတော်အာဏာပိုင်အစိုးရအဖွဲ့ GNA ဟု အမည်ပေးထားသည့် ညီညွတ်သောအစိုးရ၏ တောင်းဆိုမှုကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဆာရ်တီမြို့အား ထိန်းချုပ်ရေး လစ်ဗျားအစိုးရစစ်တပ်က ကြိုစားရာတွင် IS အဖွဲ့က မြေမြှုပ်မိုင်းများ၊ လမ်းဘေးဗုံးများဖြင့် ခုခံသောကြောင့် အရာမရောက်ဘဲ၊ လေကြောင်းပစ်ကူပေးရန် အမေရိကန်သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ လစ်ဗျားအစိုးရကမူ တိုက်ခိုက်မှုအတွင်း ပစ်မှတ်များမှာ တိကျခဲ့ပြီး IS အဖွဲ့မှာ ထိခိုက်ဆုံးရှုံးမှု အများအပြားရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
Ref: Aljzaeera


Leave a Reply
You must be logged in to post a comment.