သြတ် ၉၊ ၂၀၁၆
M-Media
– ဂျပန်နိုင်ငံရှိ ထိပ်တန်းရှော့ပင်မောလ်လုပ်ငန်းတစ်ခုဖြစ်သည့် Aeon က မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် စူပါမားကတ် ၁၀ ခု ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ထားသည်ဟု ကြေငြာခဲ့သည်။
Aeon ကုမ္ပဏီမှာ Creation Myanmar Group နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် ရရှိထားပြီး Creation Myanmar Group ၏ Orange စူပါမားကတ် ၁၄ ခုကို ၀ယ်ယူကာ ပြင်ဆင်မှုများ ပြုလုပ်နေသည်။ ထိုစူပါမားကတ်အများစုမှာ ရန်ကုန်တွင် ရှိနေသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး Aeon ရှော့ပင်းမောလ်ကို ယခုနှစ် နှောင်းပိုင်းတွင် ဖွင့်လှစ်ရန် စီစဉ်ထားပြီး ၅ နှစ်အတွင်း တစ်နှစ်ကို ရှော့ပင်းမောလ် ၁၀ ခု ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မည်ဖြစ်သည်။
“အလားအလာမြင့်မားတဲ့ ဒီလိုဈေးကွက်ကို ကျွန်တော်တို့ လက်လွှတ်လို့မရပါဘူး” ဟု Aeon ဥက္ကဌ မိုတိုယာ အိုကာဒါက ပြောကြားခဲ့သည်။
ထို့ပြင် ဂျပန်နှင့် အခြားသောနိုင်ငံများတွင် ဖွင့်လှစ်ဆောင်ရွက်နေသည့် အဆင့်မြင့် ရှောပင်းမောလ်ကြီးများ (မီဂါမောလ်) များကိုလည်း မြန်မာနိုင်ငံတွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref: yangon.coconut


Leave a Reply
You must be logged in to post a comment.