News @ M-Media

အိန္ဒိယ၏ သံမဏိအမျိုးသမီး ၁၆ နှစ်ကြာ အစာငတ်ခံဆန္ဒပြမှုကို အဆုံးသတ်

သြဂုတ် ၁၁၊ ၂၀၁၆
M-Media

india

– အိန္ဒိယ၏ လူ့အခွင့်အရေး ဗိသုကာများအနက်မှ ကျော်ကြားသူတစ်ဦးဖြစ်သော အိုင်းရွန်း ရှာမီလာမှာ ၁၆ နှစ်ကြာ အစာငတ်ခံ ဆန္ဒပြခြင်းကို အင်္ဂါနေ့က အဆုံးသတ်ခဲ့သည်ဟု သိရသည်။

အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့များကို အာဏာအလွဲသုံးစား ပြုလုပ်ခွင့်ရှိစေမည့် အငြင်းပွားဖွယ်ရာ ‘လက်နက်ကိုင်တပ်ဖွဲ့များ အထူးအာဏာဆိုင်ရာအက်ဥပဒေ’ (AFSPA) ပြဌာန်းခဲ့မှုအပေါ် သူမက ဆန့်ကျင်ကာ ၂၀၀၀ ခုနှစ်ကတည်းက အစာငတ်ခံဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ပလက်စတစ်ပြွန်တစ်ခုဖြင့်သာ အစာကျွေးခဲ့ရသည်။

‘မဏိပူရ၏ သံမဏိအမျိုးသမီး’ ဟု ထင်ရှားသည့် ရှာမီလာမှာ သူမ၏ ဇာတိမြို့ အင်ဖာတွင် အင်္ဂါနေ့က သတင်းထောက်များရှေ့၌ ပျားရည်သောက်သုံးပြခြင်းဖြင့် ဆန္ဒပြမှုကို အဆုံးသတ်ခဲ့သည်။

“အဲ့ဒါကို ပြောင်းလဲနိုင်တဲ့ စွမ်းအား ကျွန်မ လိုချင်ပါတယ်၊ ကျွန်မ မဏိပူရပြည်နယ် ၀န်ကြီးချုပ် ဖြစ်ချင်ပါတယ်” ဟု အသက် ၄၄ နှစ်အရွယ် ရှိပြီဖြစ်သည့် ရှာမီလာက သတင်းထောက်များအား ပြောကြားခဲ့ပြီး သူမ၏ဆန္ဒပြည့်ဝရန် ၂၀၁၇ အစောပိုင်းတွင် ပြုလုပ်ရန်ရှိနေသည့် ပြည်နယ်ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဆိုသည်။

AFSPA အက်ဥပဒေမှာ နိုင်ငံအရှေ့မြောက်ပိုင်း ဒေသကဲ့သို့သော မတည်မငြိမ်ဖြစ်နေသည့် သေတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အထူးလုပ်ပိုင်ခွင့်များပေးထားသည့် ဥပဒေဖြစ်ပြီး ရှာမီလာကမူ ထိုဥပဒေကို တိုက်ဖျက်ရန်အတွက် သူမ၏ အစာငတ်ခံ ဆန္ဒပြမှုက အရာရောက်မည်ဟု မယုံကြည်တော့ ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကလည်း ထိုဥပဒေရုပ်သိမ်းရန်အတွက် အိန္ဒိယအစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှု စတင်သင့်သည်ဟုလည်း အကြံပြုခဲ့ကြသည်။

Ref : IINA

Comments

Leave a Reply