သြဂုတ် ၁၂၊ ၂၀၁၆
M-Media
– ယခုနှစ်နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လာမည့်နွေရာသီ ရန်ကုန်မြို့တွင် ဓာတ်အား စုစုပေါင်း ၁၄၀၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ပေးသွားနိုင်ရန် စီစဉ်ထားသည်ဟု ရန်ကုန်အာဏာပိုင်များက ပြောကြားလိုက်သည်။
“ဒီနွေမှာဖြစ်ခဲ့တဲ့ ဓာတ်အားပြတ်တောက်မှုတွေကို သင်ခန်းစာယူပြီး လာမယ့်နွေရာသီမှာ ဒီလိုမဖြစ်ဖို့အတွက် ထရန်စဖော်မာတွေ၊ ဓာတ်အားလိုင်းတွေ တပ်ဆင်တာအပါအ၀င် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်” ဟု ရန်ကုန်လျှပ်စစ်အားဖြန့်ဖြူးရေး ကော်ပိုရေးရှင်းမှ အထွေထွေမန်နေဂျာဖြစ်သူ ဦးသန့်ဇင်က ကြာသာပတေးနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အား ၂၄ နာရီပေးနိုင်ရန်အတွက် ကျပ်ငွေ ၁၀၀ ဘီလီယံ လိုအပ်ပြီး ကော်ပိုရေးရှင်းကမူ တစ်နှစ်လျှင် ဘတ်ဂျက် ၂၀ ဘီလီယံသာ ရရှိသောကြောင့် အလွန်ကွာဟနေကြောင်း၊ ထိုကိစ္စကို မိမိတို့အဖွဲ့က တိုင်းဒေသကြီး အစိုးရနှင့် နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံသို့ အသိပေးထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref: yangon.coconut
Leave a Reply
You must be logged in to post a comment.