သြဂုတ် ၁၂၊ ၂၀၁၆
M-Media
– ယခုနှစ် ၂၀၁၆-၁၇ ဘောလုံးရာသီကို လီဗာပူးလ်ပရိတ်သတ်များ နှစ်ပေါင်းများစွာအထိ အမှတ်ရစေမည့် ရာသီတစ်ခု ဖြစ်လာစေရန် မျှော်လင့်နေသည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလက လီဗာပူးလ်အား စတင်ကိုင်တွယ်ခဲ့သည့် ကလော့ပ်မှာ လီဗာပူးလ်ပရိတ်သတ်များ၏ ယုံကြည်မှုကို အလျင်အမြန်ရရှိခဲ့ပြီး လိဂ်ဖလားနှင့် ယူရိုပါဖလားတို့တွင် နောက်ဆုံးဗိုလ်လုပွဲအထိ ရောက်ရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည်။
ယခုတစ်ပတ်တွင် စတင်တော့မည့် ပရီးမီးယားလိဂ်ရာသီသစ်အတွက် ပြင်ဆင်နေသည့် ကလော့ပ်ကမူ ကစားသမားများ အနေဖြင့် အောင်မြင်မှုများရရှိသည့်ရာသီ ဖြစ်လာစေရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
“ကျွန်တော် အကောင်းဘက်က မျှော်လင့်ထားပါတယ်။ ထူးခြားတဲ့ရာသီတစ်ခု အဖြစ်ပေါ့ဗျာ။ ဒီကမ္ဘာဂြိုဟ်ကြီးဟာ နောက်ထပ် နှစ်ပေါင်း ၂ သန်း၊ ၃ သန်းလောက် ရှိနေအုံးမယ်လို့ မျှော်လင့်မိပြီး နောက်ထပ် နှစ် ၅၀၊ ၆၀ လောက်မှာ ဒီ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ‘ငါတို့အသင်း ဒီလိုကစားခဲ့ပါလား၊ ဒီလို ဆုတွေရခဲ့ပါလား’ လို့ အံ့သြစရာ ရာသီအဖြစ် ပြန်ကြည့်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီလိုမျိုး ကျွန်တော် လိုချင်တာပါ။ ဘာ့ကြောင့်လဲဆိုတော့ ဘာဝဆိုတာ၊ အထူးသဖြင့် ဘောလုံး
လောကဆိုတာ ဒီအတွက်ပဲလေ” ဟု ကလော့ပ်က ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.